" Arjuma ဒီကို မက်ဂျုတပုလင်းထပ်ပေးပါ "
မျက်နှာတခုလုံး နီရဲပီး မျက်လုံးတောင်မပွင့်တော့တာကို
ထပ်သောက်ဖို့ တာဆူနေသည့် သူမကို ကြည့်ကာ တားမှ ဖြစ်တော့မည်ဆိုသည့် အတွေးဝင်လာသည်
ဒင်း ဒီထက်ပိုပီးဆိုးလာရင်
အိမ်ကို ဘယ်လိုမှ ပြန်ပို့လို့ရတော့မဟုတ်ဘူး
" Ya! Ya! Ya! တော်ပီ တော်လိုက်ပီ အိမ်ပြန်ကြမယ် ထ ထ "
ပြောပြောဆိုဆိုနှင့်
သူမလက်မောင်းကို ဆွဲမလိုက်ကာ မိမိပုခုံးပေါ်ဆွဲတင်ထားလိုက်ရင်း
" Arjuma အားလုံးပေါင်းဘယ်လောက်ကျလဲ "
" Tell me why 🎶🎶 "
အမယ် ဒင်းက မူးသာမူးတာ သီချင်းကတော့ ဆိုနိုင်သေးတယ်
တနေ့ တနေ့ အလကားရတဲ့ ကန်တင်းမှာ စားသောက်နေတာ ပါးတွေလဲ တဖြည်းဖြည်းနဲ့ဖောင်းလာပီ
ပုခုံးက မနိုင်ဝန်ကို ထမ်းထားရသ၍ ညောင်းလာသဖြင့် ခုံတန်းတခုပေါ်ကို သူမအား ပစ်တင်လိုက်ရင်း
အသက်ဝဝ ရှုမိသည်
ကိုယ့်ကတိနဲ့ကို တကယ်ကိုတိုင်ပတ်တာပဲ
Joyeonနဲ့ အောင်သွယ်ပေးရင် သူသောက်ချင်တဲ့မက်ဂျူ အဝဝယ်တိုက်မယ်ဆိုပီး ပြောလိုက်မိတာ
ဒင်းက တကယ်ကြီးတွေ အောင်သွယ်ပေးတော့တာပဲ
မျက်နှာကြီးတခုလုံးနီရဲတွတ်နေသော သူမကို တချက်ကြည့်ကာ သက်ပျင်းချမိသည်
လမ်းတဝက်တောင် ဒင်းကို
ထပ်သယ်ရအုံးမှာပါလား
" Ya! ထ ထ သွားမယ်
တဖြည်းဖြည်းနဲ့အေးလာပီ "
အသိစိတ်ဝင်အောင် နည်းနည်းလှုပ်နှိုးလိုက်တော့ မျက်လုံးပွင့်လာပီးအနားကို ကပ်လာသည်
" Jungkook-ah "
" ဟဲ့ ငါ့အပေါ် အန်ရင် နင်အသေပဲနော် "
" ငါတို့ ငယ်ငယ်ကလို Popo ပေးတိုင်း ကစားကြရအောင်လေ "
" ဘာ Popo.. "
နှုတ်ခမ်းပေါ်ကိုရုတ်တရက်
ကျရောက်လာသော နူးညံ့သောအထိအတွေ့ကြောင့်
ရင်တွေ တဒုန်းဒုန်းခုန်လာပီး ရုတ်တရက် ပူလာသည်
သူကိုယ်တိုင် မသိလိုက်ခင်မှာပဲ
သူက ထိုအနမ်းတွေရဲ့
ဦးဆောင်သူ ဖြစ်နေခဲ့ပီ
YuNie လက်ချောင်းသေးသေးလေးတွေ အထိအတွေ့ကို သူ့လည်ပင်းမှ တဆင့်ခံစားမိသည်
ဒီထူးဆန်းတဲ့ ခံစားချက်ကြီးက ဘာပါလိမ့်??
💋💋💋💋💋💋💋💋💋💋
ဟိုတနေ့က အဖြစ်အပျက်ပြီးနောက်
ကျွန်မ Jungkook ကိုရော
Ho Seok Sunbae ကိုပါ
အတတ်နိုင်ဆုံး ရှောင်နေလိုက်မိသည်
မတွေ့ချင်တာထက်
တွေ့ရင် ဘာစကားမှပြောစရာမရှိတဲ့
ကိုယ့်ကိုကိုယ် ဘယ်လိုနားလည်ရမလဲ
မသိတော့တာအမှန်ပင်
သေချာတွေးကြည့်ရင် မပြတ်မသားဖြစ်ခဲ့သည့် ကျွန်မအပြစ်တွေပင်ဖြစ်၏
.................................................
Tin ..
[ JK: ငါအခု မင်းအိမ်ရှေ့မှာ
ထွက်လာခဲ့ တွေ့ချင်တယ် ]
Tin ..
[ Sunbae: Yu Nie-ah
ကိုယ့်ကိုစိတ်ဆိုးနေတာလား
တနေ့လောက်တွေ့ပြီး
စကားအေးဆေးပြောကြရအောင် ]
စိတ်ရှုပ်ထွေးစွာဖြင့် ဖုန်းကိုစက်ပိတ်ထားလိုက်မိသည်
ကျောင်းမသွားဖြစ်တာ ၃ရက်လောက်ရှိပြီ အချိန်ကြာကြာထပ်ဆွဲထားရန် မဖြစ်နိုင်တော့
တိကျတဲ့ဆုံးဖြတ်ချက် တခုကို ချသင့်နေပီ
မနက်ဖြန် ..... မနက်ဖြန်တော့
လုံလောက်တဲ့ အဖြေတခု ရမှာပါ
....................................................
ဒီညက သာမာန်ဆောင်းညတွေထက် ပိုချမ်းနေသဖြင့် စောင်ထူထူခြုံကာ ကွေးနေတုန်း ကုတင်ပေါ်ကို တခုခုလှဲချလိုက်သလို အိခနဲ ခံစားလိုက်ရသည်
ထို့နောက် ခါးကို သိုင်းဖက်လာသည့် လက်အေးအေးတစုံ
နံရံကပ်နာရီကို လှမ်းကြည့်မိတော့ ၁၁ခွဲ
နောက်လှည့်မကြည့်လဲ ဘယ်သူမှန်း စိတ်က အလိုလိုသိနေသည်
ခါးကို အတင်းဖက်ထားသော လက်တွေကို အတင်းဆွဲခွာသော်လည်းမရ အတင်းဆွဲခွာလေ သူ့ရင်ခွင်ထဲ ပိုရောက်လေ ဖြစ်နေသောကြောင့်
ဒီအတိုင်း ငြိမ်နေလိုက်မိတော့
ရယ်သံသဲ့သဲ့ထွက်လာသည်
" ဘာရယ်တာလဲ နင်က "
" Yu Nie-ah "
" ........ "
" Yu Nie-ah "
' ......... "
" နင်ဒီတခေါက်မှ ငါခေါ်တာ မထူးရင် ငါအတင်းနမ်းမှာနော် "
" အေး ပြော ဘာပြောလဲ နင်ငါ့ကို
အားနေ အဲ့တာနဲ့ပဲ
ချိန်းခြောက်နေ သိလား "
" နင်အရမ်း စကားများတယ်ဟာ "
ရုတ်တရက်ဆိုသလို ကျွန်မတကိုယ်လုံးက သူ့ရင်ခွင်ထဲရောက်သွားပီ
သူက ကျွန်မ ပုခုံးဘေးတဖက်ဆီကို
လက်ထောက်ထားသည်
တဖြည်းဖြည်း
နီးကပ်လာတဲ့ နှုတ်ခမ်းနှစ်စုံ
ဒါက ဘယ်လို situation လဲ???
