လူကြီးရဲ့ဆုံးဖြတ်​ချက်​ကိုမိန်းမဖြစ်​သူလည်းမတက်​သာဘဲလက်​ခံလိုက်​ရပုံဖြင့်မျက်နှာမသာမယာဖြစ်သွားတယ်
အ​ရေးကြီးဆုံးကသားစိတ်​ချမ်းသာဖို့ဆို​တော့

" ဟုတ်​ကဲ့ကျမတို့အ​နေနဲ့က​တော့ဝမ်းသာပါတယ်​ဒီက​လေးကအ​နေလည်း​အေးတယ်​လိမ်​လည်းလိမ်​မာပါတယ်​ "

" သား Minseok လာခဲ့ "

ဂေဟာရဲ့ဆရာမကြီးစကားကိုနာခံစွာ Minseok ဆိုတဲ့က​လေး​လေးအနား​ရောက်​လာတယ်

" သား Minseok သား​လေးဒီ Arjushi ​တွေနဲ့လိုက်​သွားရမယ်​သူတို့နဲ့အတူ​နေရ​တော့မယ်​ "

မဝံ့မရဲပုံ​လေးနဲ့​မော့ကြည့်​တဲ့ပြူးကျယ်​ကျယ်​မျက်​ဝန်း​လေးကို​လူကြီးကအသည်းယားသွားပုံရတယ်​အနည်းငယ်​ရှုပ်​ပွ​နေတဲ့ဆံပင်​​တွေကိုလက်​နဲ့ထိုးဖွကာ​ကလေးလေးရင်ထဲအေးချမ်းမှုကိုရ​စေတယ်

" က​လေး​လေးကချစ်​စရာ​လေး​နော်​ သား သားနာမည်​ဘယ်​လို​ခေါ်လဲ "

" Minseok Kim Minseok "

Minseok လက်​ဖဝါး​သေး​သေး​လေးကိုဆုတ်​ကိုင်​ကာ​စော​စော​ပြေးထွက်​သွားတဲ့​ကောင်​​လေးဆီကို​ခေါ်သွားတယ်

ခုံတန်း​ပေါ်မှာနှုတ်​ခမ်း​သေး​သေး​လေးကို​ထော်​ကာစိတ်​​ကောက်​မှုကို​ဖော်​ပြရင်း​ခြေ​ထောက်​ကိုအသံထွက်​​အောင်​​ဆောင့်​​နေတဲ့သား​ရှေ့ကို Appa ကလက်​ထဲကက​လေး​လေးကို​ရှေ့ထုတ်​ပြတယ်

" သား .. သားအတွက်​ ...​ ​မွေး​နေ့လက်​​ဆောင်​ "

မြေကြီးနဲ့ထိလုမတက်​ငုံ့ထားတဲ့​ခေါင်း​လေး​မော့လာပြီးချက်​ချင်းအ​ပျော်​ရိပ်​သန်းကာထခုန်​တယ်

" ဒါမှ Appa "

Appa နဲ့ Omma ဖြစ်​သူသားရဲ့​ပျော်​ရွှင်​မှုကိုကြည့်​ပြီး​ကျေနပ်​သွားဟန်​ဖြင့်​မျက်​နှာ​ပေါ်ပီတိအပြုံးများ​ဝေဆာလာတယ်

ဘယ်​မိဘမဆို .. ကိုယ့်​သားသမီး​ပျော်​ရွှင်​မှုကိုကြည့်​ပြီး ဝမ်းသာကြတာဘဲမဟုတ်​လား

" ငါ့နာမည် Kim Jongdae အရုပ်​​လေးမင်းနာမည်​ဘယ်​လို​ခေါ်လဲဟင်​ "

" Minseok Kim Minseok "

" ချစ်​စရာ​လေး "

ပါး​ဖောင်း​ဖောင်း​လေးကိုထိ​တွေ့ကာ​မျက်​စိ​ရှေ့ကအရုပ်​က​လေးကိုဘယ်​သူ့လက်​ထဲမှမ​ပေးချင်​​အောင်​ကြိုက်​သွားတာ 10 နှစ်​သားအရွယ်​​ကောင်​​လေး၏နှလုံးသားထဲတိတ်တဆိတ်ကိန်းအောင်းသွားတဲ့ပထမဆုံး​သောအတ္တတစ်ခုဖြစ်လာခဲ့တယ်

ပျော်ရွှင်မှုကြောင့်နှုတ်ခမ်းဖျားလေးကော့တက်တဲ့အထိပြုံးနေတဲ့အရုပ်ကလေးလို့ခေါ်တက်တဲ့ကောင်လေးအပေါ်သံယောဇဉ်တွယ်သွားမိတာ 10 နှစ်အရွယ်ကောင်လေး၏နားမလည်နိုင်တဲ့ရင်ခုန်မှုတစ်ခုပေါ်ပေါက်လာခဲ့တယ်

---------

အခုမှတင်ဖြစ်တော့တယ်ဖျက်လိုက်ရေးလိုက်နဲ့စိတ်တိုင်းမကျဖြစ်နေတာ Chenmin ဆိုတာအနော့်ရဲ့ second OTP ပါအရမ်းချစ်တယ် Kim Jongdae ကိုရော Kim Minseok ကိုရော gu လေးတစ်ယောက် messenger ကလာပြောတယ် Chenmin Fic အရမ်းနည်းတယ်တဲ့ဟုတ်တယ်တော်တော်ရှာယူရတယ်အနော်ကိုယ်တိုင်ဖတ်ချင်လွန်းလို့လိုက်ရှာတာတောင်တစ်ပုဒ်စနှစ်ပုဒ်စလောက်ဘဲတွေ့တယ်တွေ့တဲ့ Fic တွေလည်းအရမ်းကောင်းတယ်အနော့်အကြိုက်ဆုံးတွေဘဲထပ်ရေးဖြစ်ရင်အနော် Chenmin Fic အများဆုံးရေးမှာပါ CB ကတော့ဖတ်ရတာဘဲကြိုက်တယ်ရေးရင်ဖတ်မဲ့သူမရှိဘူးလေထားလိုက်ပါတော့အနော်ရှည်နေတာနဲ့ ဒီနေ့ intro လေးတင်ပေးလိုက်တယ်နောက်အပိုင်းမှလာမယ်နော် Messenger လာအား​ပေးတဲ့ Gu လည်း​ကျေးဇူး​နော်​ Comment ​တွေ​ပေးကြတဲ့ readers ​လေးလည်း Gowmawowyo Saranghaeyo Gowmawowyo All My readers

ApologizedWhere stories live. Discover now