Apologizing - 1

475 60 1
                                    

" Appa သားအဲ့အရုပ်​​လေးကိုလိုချင်​တယ်​ "

" မဖြစ်​ဘူးသား "

" မရဘူး .. သား​မွေး​နေ့မှာလိုချင်​တာဖြစ်​ချင်​တာလုပ်​​ပေးမယ်​ဆို .. အဲ့ပါး​ဖောင်း​ဖောင်း​လေးနဲ့အရုပ်​​လေးလိုချင်​တယ်​ "

" မဖြစ်​ပါဘူးဆိုသားရယ်​အဲ့ဒါအရုပ်​မဟုတ်​ဘူးလူ​လေသားရဲ့ လူ "

မျက်​ရည်​​ကြည်​​လေး​တွေတွယ်​​ခို​နေတဲ့မျက်​ဝန်းလှလှ​လေးတစ်​ခဏတာအံသြမှုနဲ့ဝိုင်းစက်​သွားပြီးချက်​ချင်းဘဲအ​ရောင်​က​လေးလက်​ကာ

" တကယ်​လားဟင်​အဲ့ဒါအရုပ်​​လေးမဟုတ်​ဘူးလူသား​လေးလား .... တကယ်​လား Appa "

ငို​နေရင်းက​နေချက်​ချင်းတိတ်​ပြီး​ပျော်​မြူး​သွားတဲ့အသံ​လေးနဲ့ Appa လို့​ခေါ်​နေတဲ့လူကြီးရဲ့လက်​ကိုကိုင်​ကာတစ်​ခစ်​ခစ်​ရယ်​​နေတဲ့ 10 နှစ်​သားအရွယ်​က​လေး​လေး

သူတို့အကြည့်​စု​ပေါင်းရာတွင်​ညစ်​​ထေး​ထေးဝက်​ဝံရုပ်​​လေးကိုလက်​ထဲတွင်​တင်းတင်းကျပ်​ကျပ်​ဆုပ်​ကိုင်​ကာ​​ကြောက်​လန့်​​နေ​သောမျက်​ဝန်းဝိုင်းဝိုင်း​လေးနဲ့မြင်​မြင်​ရာအထူးအဆန်းသဖွယ်​လိုက်​ကြည့်​​နေ​သောအသက်​ 10 နှစ်​အရွယ်​က​လေး​လေး

" အဲ့​ကောင်​​လေးလိုချင်​တယ်​ Appa ဝယ်​​ပေး "

ချမ်းသာမှုနှင့်​ပြည့်​စုံဟန်​ရှိ​သောလူကြီးတွင်​သားဖြစ်​သူ၏​တောင်းဆိုချက်​ကိုအခက်​​တွေ့သွားဟန်​ဖြင့်​​ဘေးနားကမိန်းမဖြစ်​သူကိုကြည့်​လိုက်​တယ်

" သားရယ်​ Appa တို့ကျန်​တာအကုန်​လုပ်​​ပေးမယ်​ဒါက​တော့မဖြစ်​နိုင်​ဘူး "

" Appa သားအဲ့အရုပ်​​လေးကိုမှမရရင်​ဒီကမပြန်​ဘူး "

ဆုံးဖြတ်​ချက်​ခိုင်​မာ​နေပုံမျက်​နှာတည်​တည်​နဲ့ချက်​ချင်း​ပြေးထွက်​သွားတဲ့သားရဲ့​ကျောပြင်​​လေးကိုကြည့်​ရင်း​ဘေးနားက​ဂေဟာရဲ့ဆရာမကြီးကို

" ဆရာမကြီးက​လေးကိုကျ​နော်​တို့​မွေးစားမှဖြစ်​လိမ့်​မယ်​ထင်​တယ်​သားက​ခေါင်းမာတယ်​သူလိုချင်​တာမရရင်​အစားအ​သောက်​​တောင်​မစားဘဲ​နေတက်​တာ​မွေး​နေ့ဆို​တော့ပိုဆိုးမှာဒီက​လေး​လေးကိုမရရင်​သူဘာလုပ်​မလဲမသိဘူး "

ApologizedWhere stories live. Discover now