"ညီထွဋ် မင်းမနေ့ကဘာလို့ကျောင်းမလာတာလဲ"
"နေမကောင်းလို့ကွ ဘာလဲငါမရှိတော့ပျင်းနေတာလား"
"မဟုတ်ပါဘူး မင်းမရှိတော့ပိုတောင်ပျော်ဖို့ကောင်းသေး"
"တကယ်လား အဲဒါဆို ငါနောက်တန်းပြောင်းထိုင်တော့မယ်"
လွယ်အိတ်ကိုင်ပြီး တကယ်ပြောင်းမဲ့ပုံ လုပ်နေတာမို့ ကောင်းထက်သာ တို့အတင်းဆွဲနေရပြီ
"အဲဒါက ဘယ်လိုတွေဖြစ်နေတာလဲ ပြောစမ်းပါဦး"
ဆရာကြီးလေသံနဲ့ဝင်လာသူက ဆက်ပိုင်သန့်
"ဒီမှာကွာ ငါကစနေတာကို နောက်တန်းပြောင်းထိုင်မယ်တွေ လုပ်နေတာ မင်းကောင်က"
"လွှတ်ထားလိုက်စမ်းပါ ကောင်းရာ ဒီကောင်က ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ငါတို့ထက် နောက်မှရောက်လာတဲ့ အဲ့အကောင်ကို ပိုခင်တွယ်နေတာ"
ငဆက်ပြောလိုက်တဲ့ စကားကြောင့် ညီထွဋ် ဘာပြန်ပြောရမှန်းမသိတော့ပါ သူတို့စိတ်ထဲမှာအဲလိုတွေထင်နေခဲ့တာလား
"ဟာ ညီထွဋ်ရာ မငိုနဲ့လေကွာ ငဆက် ဒီမှာလာချော့ဦး"
"နေပါစေကွာ အားနေမျက်ရည်ကျနေတာ အဲ့ကောင်က ဟေ့ရောင် မင်းမိန်းမလည်းမဟုတ်ဘဲနဲ့ကွာ ဒီလောက်လေးပြောတာနဲ့ငိုရလား ဟမ်"
"မျက်နှာတွေလဲရဲနေပြီ ဆရာလာတော့မှာ မငိုနဲ့တော့နော် ပြီးရင် ဝက်သားဒုတ်ထိုးလိုက်ကျွေးမယ်လေ နော် တိတ်တော့"
"ဆရာလာပြီ ထ ထ နှုတ်ဆက်ရအောင်"
ငဆက်ပြောမှပျာပျာသလဲထနှုတ်ဆက်ကြပြီး စာကိုအာရုံစိုက်ထားမိလိုက်ကြသည် ဆရာလဲထွက်ရော ညီထွဋ်တစ်ယောက် စားပွဲပေါ်ခေါင်းတင်ပြီးမှောက်အိပ်လိုက်တာမို့
"ညီထွဋ် ဟာ ကိုယ်တွေပူနေတာလား"
"ဒီကောင်ကွာ နေမကောင်းတာကိုမပြောဘူး ငါဆရာမဆီသွားပြောလိုက်မယ် မင်းသေချာကြည့်ထားဦး ကောင်း"
"အေး အေး သူ့အစ်ကိုဆီသာဖုန်းဆက်ခိုင်းလိုက်တော့ တီချယ့်ကို"
"အေးပါ"
ဟုပြောပြီးထထွက်သွားတာကအလောတကြီး ရှိတာမှ ဒီသူငယ်ချင်းလေးသုံးယောက် မူကြိုကတည်းက တူတူတက်ခဲ့ကြတာမို့ သံယောဇဉ်ဆိုတာကတော့ ပြောမနေတော့နှင့် ၃ယောက်ထဲမှာမှ အငယ်ဆုံးနဲ့အသေးဆုံးက ညီထွဋ် ကျန်းမာရေးခြူခြာတာ ငယ်ငယ်ကတည်းကမို့ သူ့အစ်ကိုနဲ့နည်းတူ သူတို့မှာလဲအရိပ်တကြည့်ကြည့် တခြားသူငယ်ချင်းတွေနဲ့စကားပြောရင်တောင်စိတ်ပူနေတတ်တာက သူတို့နှစ်ယောက် ... ငယ်ငယ်ကဆို သူတို့မရှိခင် အနိုင်ကျင့်ခံရတတ်သေးတာမို့ သူတို့နဲ့ကလွဲရင် ဘယ်သူနဲ့မှမပေါင်းစေချင် ဒါကိုမသိပဲ ပျော်ပျော်နေတတ်သောညီထွဋ်ကတော့ သူ့ကိုလာခေါ်သူတိုင်းကို အမြဲစကားပြန်ပြောလေ့ရှိသည် စကားပြောမတတ်ဘဲထစ်ကနဲရှိဒေါသထွက်တတ်သည့်ငဆက်ကတော့ သေချာနားလည်အောင် ဘယ်တော့မှမပြော ... ပြောလိုက်သည့်စကားတိုင်းကလည်း ညီထွဋ်အတွက် ဝမ်းနည်းစေမည့်အရာတွေချည်း ... ဟိုကမွေးရာပါနှလုံးရောဂါသည်မို့ တော်ရုံတောင် ခံနိုင်ရည်မရှိတာကို တစ်ခုခုဖြစ်ပြီဆိုလည်း ငဆက်မှာ စိတ်ပူရတာအမော တခါတလေ ညီထွဋ်အမောဖောက်လို့ဆေးခန်းရောက်တဲ့အခါမျိုးဆို သူ့မှာ ဖိနပ်ကျွတ်ကျန်ခဲ့ရတာနဲ့ ကျောင်းလွယ်အိတ် ဘယ်နားချထားခဲ့မှန်း မသိလိုက်ရတာနဲ့ ..... ခုလဲကြည့် သူပဲဆရာမဆီ ပြေးပြန်ပြီ ပြီးရင် ခုပဲဆေးရုံတက်ရတော့မလိုလို ပုံစံတွေနဲ့တီချယ်တွေကို စိတ်ပူအောင်လုပ်ဦးမည် ...
"သား ဘယ်လိုဖြစ်တာလဲ ကိုယ်ပူနေတာလား"
အတန်းပိုင်ဆရာမရောက်လာကာ ညီထွဋ် နဖူးကိုစမ်းရင်း မေးနေခြင်း
"ဟုတ် တီချယ် ဘာမှမဖြစ်ပါဘူး ခဏလောက်နေရင်သက်သာသွားမှာပါ"
"အာ မဟုတ်ဘူး ဆရာမ ဒီကောင်လျောက်ပြောနေတာရယ်"
ဝင်ပြောလိုက်သူက ကောင်း မျက်စောင်းတစ်ချက်သူ့ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမှ မျက်နှာလေးကိုငယ်ပစ်ကာ
"ငါက မင်းကိုစိတ်ပူလို့ဟုတ်တာ"
"ကဲပါ သားရယ် သားသူငယ်ချင်းတွေက စိတ်ပူနေကြတာ တီချယ်လဲ သားအစ်ကိုဆီ ဖုန်းဆက်ထားတယ် ခဏနေရင်လာခေါ်လိမ့်မယ် စာမေးပွဲနီးပြီ ညီထွဋ် ကျန်းမာရေးဂရုစိုက် တီချယ့်စကား နားထောင်နော်"
"ဟုတ်"

ငယ်လေးဆရာမဖုန်းဆက်ပြီဆိုကတည်းက ပြေးပြေးလွှားလွှားထွက်လာခဲ့တာ တစ်ယောက်တည်းထားခဲ့တဲ့ မေရတီကိုလည်း အားနာရကောင်းမှန်းမသိတော့ ကျောင်းနဲ့မက်မန်းခြံကအတော်လေးလှမ်းတာမို့ စိတ်ကတိုချင်နေပြီ နေမကောင်းလို့များဂျီကျပြီး မနက်ကကျောင်းလိုက်ပို့ခိုင်းလေသလား တွေးမိပြီးဒေါသထွက်တာက ကိုယ့်ကိုယ်ကို အမြန်ဆုံးမောင်းပြီးကျောင်းကိုရောက်တော့ တွေ့လိုက်ရတာက နီရဲနေတဲ့မျက်နှာလေးနဲ့သူ့ကိုစောင့်နေတဲ့ ကလေးလေး
"ငယ်လေး ကိုယ်တော်တော်ပူနေလား"
စကားကမဆုံးသေး လက်တွေက နဖူးနဲ့ လည်ပင်းတစ်ဝိုက် ရောက်နှင့်နေပြီးသား
"ဘာမှမဖြစ်ပါဘူး"
"အင်း ကိုကိုတို့ပြန်ရအောင်နော်"
ခေါင်းလေးပဲညိတ်ပြတာမို့ တော်တော်ဖြစ်နေတာသိပြီးသား ဆရာမကို နှုတ်ဆက်ပြီး ကောင်းနဲ့ငဆက်ကို ခေါင်းတစ်ချက်ပဲညိတ်ပြခဲ့မိသည် သူတအားစိတ်ပူနေတာကိုကလေးနှစ်ယောက်နားလည်မှာပါ .....
~~~~~TBC~~~~~

ဖြူစင်သော သံယောဇဉ်Where stories live. Discover now