Part 2

1.1K 92 23
                                    

~~~Part 2~~~

"ဖြန်း!"

ကျယ်လောင်လှသော ထိခတ်သံက တိတ်ဆိတ်ငြိမ်သက်နေသော စံအိမ်ကြီးအတွင်း  ထွက်ပေါ်လာခဲ့သည်

ထိခတ်သွားသော အရာနှစ်ခုက Sica၏ နူးညံ့လှသော ပါးပြင်ကလေးနှင့် မာကျောသော Mr.Jung၏ လက်ဝါးပြင်တို့ဖြစ်သည်... ထိုထိခတ်မှု၏ ရလဒ်မှာတော့ Sica၏ နူးညံ့ဖြူစွတ်လှသော ပါးပြင်ပေါ်က နီရဲသွားသော လက်ဝါးရာတခု...

Yoonaနှင့်တကွ ထိုစံအိမ်အတွင်ရှိ ဝန်ထမ်းများ အားလုံး အသံပင် မထွက်ရဲ...

Mr.Jung~JUNG SOOYEON!ဒါ ဘာအချိုးချိုး ချိုးတာလဲ?!အခု ဘယ်အချိန်ရှိပြီလဲ ကြည့်စမ်း!ဒါ မိန်းကလေးတယောက် အိမ်ပြန်လာရမယ့် အချိန်လား?!

Sica~Hk အဲ့တော့ရော?Appa chawကို ဘယ်အချိန်ကစပြီး ဂရုစိုက်တတ်သွားတာလဲ?

Mr.Jung~Jung Sooyeon!ငါ့ ဒေါသကို လာမဆွနဲ့နော်... အခုလို South Koreaမှာ အချမ်းသာဆုံး သြဇာအရှိဆုံး မိသားစုရဲ့ သမီးအကြီးက ညကြီးအချိန်မတော် အပြင်မှာ သွားချင်သလိုသွား ပျော်ပါးနေတယ်ဆိုတာ ဖြစ်သင့်သလား? um?!

Sica~နောက်ဆုံးတော့ Appaဂရုစိုက်တာက chawကိုမှ မဟုတ်တာ... Appaရဲ့ အရေးမပါတဲ့ ဂုဏ်တွေ သိက္ခာတွေကိုပဲ... Appa chawကို သမီးတယောက်အဖြစ်ရော သဘောထားသေးရဲ့လား!

Mr.Jung~ငါနင့်ကို သမီးတယောက်အဖြစ် သဘောထားသေးလို့ ဒီလိုတွေ ပြောနေရတာပေါ့!

Sica~ဒါတွေက Appaရဲ့ ဂရုစိုက်မှုတွေဆိုရင် chawကို စွန့်ပစ်လိုက်တာကမှ ပိုကောင်းအုံးမယ် Ommaကို Appaလုပ်ခဲ့သလိုပေါ့... ဒါ Appaရဲ့ အကျွမ်းကျင်ဆုံး အလုပ်... "ဖြန်း!"

အထိအရှမခံနိုင်ဆုံး ခေါင်းစဉ်တခုကို ကြားလိုက်ရသော Mr.Jung၏ ဒေါသများမှာ ပင်အပ်တချောင်းနှင့် ထိုးဖောက်ခံလိုက်ရသော မိုးပျံဖူပေါင်းတခုပမာ ပေါက်ကွဲလွင့်စင် သွားလေပြီ... ဒီတခါ ရိုက်ချက်မှာ ပထမတခါကထက် ပိုမိုပြင်းထန်သည်ကို အသံချင်း နှိုင်းယှဉ်ကြည့်ရုံနဲ့ပင် အလွယ်တကူ သိရှိနိုင်ပေသည်... ထိုရိုက်ချက်ကြောင့် Sica၏ နှုတ်ခမ်းစွန်းပေါက်သွားပြီး သွေးများ စို့တက်လာသည်... ထိုအရာကိုမြင်လိုက်ရသော Yoonaက ပျာပျာသလဲဖြင့် Mr.Jungကို...

Infinite LoveWhere stories live. Discover now