----Hello Again----

2.3K 267 19
                                    

By»»» Exo12wolves88

Day---1
°°°°°°°°°

"အိုး အိုး အိုး!!!!!
Omma yah!!!!!"

ကျွန်တော် စူးစူးရှရှအော်လိုက်မိတာက
အလကားသာဖြစ်လို့သွားပါတယ်....။
နောက်ဆုံး ကျွန်တော်လက်ခံရလိုက်တာက...
စီးလာတဲ့ စက်ဘီးလေး...နီးစပ်ရာပုံးတွေကို
တိုက်မိပီး...ကြည့်မကောင်းရှုမကောင်း လဲပြို
သွားရတဲ့ အခြေအနေတစ်ခုကိုသာ...။

အနည်းငယ် နာကျင်သွားတဲ့
ဒူးခေါင်းနဲ့လက်တံတောင်ဆစ်ကို ပွတ်နေရင်း
ကျွန်တော် ညည်းညည်းညူညူရန်ထောင်
လိုက်မိတယ်...။

"Drama ကားတွေထဲမှာဆိုရင်...
မင်းသမီး အဲ့လိုစက်ဘီးလဲတော့မှာဆို
မင်းသားနဲ့တွေ့တဲ့ဟာကို...၊
ငါ့ စူပါမန်းဘယ်ရောက်နေတာလဲ....ဟွန့်..."

ကောင်းကင်ကို မော့ကြည့်ရင်း...
ဘာမှန်းမသိတယ့်အရာကိုသာ
မျက်စောင်းထိုးလိုက်မိပါတော့တယ်လေ....။

>°<>°<>°<>°<>°<>°<>°<>°<>°<>°<>°<>°

Day---2
°°°°°°°°

"Omma!!!!!!!!!!!!!!!!!!!!!!!!"

သံရှည်စွဲအော်လိုက်ရင်း...
ရင်ထဲက ကယ်တင်ရှင်ကို တ လိုက်မိပေမယ့်
ဒီတစ်ခေါက်လဲ အရင်နေ့တွေတုန်းကလိုပါပဲ...၊
ရပ်ကွက်ထိပ်က ကတ်ထူပုံးတွေကိုသာ
တိုက်မိသွားပီး...
လူရော စက်ဘီးရော လဲသွားရတော့တာ...။

အဲ့...ဒီလို စက်ဘီးမလဲခင်
ခံစားလို့ကောင်းတာ တစ်ခုတော့ရှိတယ်..။
ဆံပင်တွေထဲကို လေတွေ တအားတိုးဝင်လာ
တာ...အဲ့Feelingကတော့ စက်ဘီးလဲတော့
မယ်ဆိုတာကိုတောင် မေ့စေနိုင်တယ်...။

"ဘယ်မှာလဲ ကယ်တင်ရှင်ရယ်...
မင်းလား???...ငါ့ကယ်တင်ရှင်က???
လာပါဦး...ကယ်တင်ရှင်ရယ်..."

အနားကို ပွတ်သီးပွတ်သပ်လုပ်ဖို့ ရောက်လာတယ့် ကြောင်လေးကို ပွေ့ချီပိုက်ရင်း...
ရောက်တတ်ရာရာသာ ပြောနေလိုက်မိတော့
တယ်....။

ကျွန်တော် ရုပ်ဆိုးနေလို့များ
ကယ်တင်ရှင် ပေါ်မလာသေးတာလား???

>°<>°<>°<>°<>°<>°<>°<>°<>°<>°<>°<>°

Day---3
°°°°°°°°

HunHan_520_Castle Waar verhalen tot leven komen. Ontdek het nu