Fan Boy Is Just A Fan Boy Ch-3

Start from the beginning
                                    

ကျနော်ကိုယ်ကျနော်လည်းသိတယ်။ မနေ့ကတစ်နေ့လုံးပင်ပန်းထားတဲ့အရှိန်ကြောင့် အားမရှိတော့ဘူးဆိုတာကို။

အနီးအနားမှာရှိတဲ့ဆိုင်မှာ ရေတစ်ဗူးဝယ်လိုက်ပြီးတော့တစ်ငုံ၂ငုံမော့သောက်လိုက်တယ်

ရေဗူးဖွင့်တဲ့လက်တွေတောင်တုန်နေတာကိုသတိထားမိလိုက်တဲ့အချိန်မှာမှ ကျနော်ဘယ်လောက်ထိအားနည်းနေလည်းဆိုတာကိုရိပ်မိတယ်။

ပထမတော့ စိတ်စောနေလို့ကိစ္စမရှိပါဘူးလို့တွေးခဲ့ပေမယ့် အခုတော့လက်တွေတုန်ပြီး ခေါင်းတွေတောင်ကိုက်နေပြီ။

တစ်သက်နဲ့တစ်ကိုယ် ဘယ်တော့ကမှဒီလောင်ထိရင်မခုန်ဖူးတဲ့ကျနော်ဟာ အခုတော့ရင်ခုန်တတ်ပြီလားလို့တောင်ကိုယ့်ဘာသာ ပြန်မေးမိတယ်။ ရင်တွေခုန်ပြီးလက်ထဲကရေဗူးကိုဘယ်နှစ်ခါသောက်လို့သောက်မိမှန်းမသိဘူး။ ထပ်မော့သောက်လို့မှ ရေပါးစပ်ထဲမဝင်တော့မှပဲရေဗူးထဲကရေကုန်သွားပြီဆိုတာသိလိုက်ရတယ်။

ဟိုနားရပ်ရပ် ဒီနားရပ်ရပ်နဲ့ထိန်းလို့မရအောင်ခုန်နေတဲ့ရင်ဘတ်ကိုမနိုင်နိုင်ဖိရင်းစောင့်နေရာကနေ အလိုလို ၉နာရီထိုးသွားတယ်။ ၉နာရီထိုးသွားတာနဲ့ အပေါက်ဝမှာစောင့်နေကြတဲ့ fan တွေအကုန်လုံးကိုဝင်ခွင့်ပေးလိုက်တယ်။

သိပ်မကြာခင်အချိန်လေးမှာ Taeyongနဲ့တွေ့ရတော့မယ်ဆိုတဲ့အသိစိတ်လေးသာ ကျနော့်မှာမရှိခဲ့ရင် အဲ့နေရာမှာတင်ကျနော်မေ့လဲသွားမယ်ဆိုတာသေချာတယ်။ ဘာလို့လဲဆိုတော့ကျနော်အရမ်းပင်ပန်းပြီးအားနည်းနေပြီလေ ။ အရေအတွက်ကန့်သတ်ထားတာတောင်မှပဲအတော်များတဲ့ fan တွေရဲ့လက်ထဲမှာ album တွေရော လက်ဆောင်တွေရော ကိုယ်စီနဲ့ပေါ့လေ။

ကျနော့်လည်း album နဲ့ဝက်ဝံရုပ်လေးကိုတင်းတင်းကိုင်ရင်းနဲ့မျှော်ကြည့်ရင်တောင်အဆုံးမရှိတဲ့ လူတန်းရှည်ကြီးရဲ့ ၃ပုံ ၂ပုံလောက်မှာတန်းစီနေလိုက်တယ်။ တန်းစီနေတဲ့ခြေထောက်တွေတောင် မြေပြင်နဲ့ထိနေရဲ့လားလို့တောင် မသင်္ကာလို့ပြန်ပြန်ကြည့်ရလောက်အောင်ကို အသိစိတ်လွတ်နေခဲ့ပြီ။ ခေါင်းထဲမှာလည်းအတော်လေးစူးရှပြီးပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာကလည်း နဂိုကတည်းကမှမရှိတဲ့အားအင်ကိုဆုတ်သထက်ဆုတ်အောင်ကူညီပေးနေသလိုလိုပါပဲ

Fan Boy Is Just A Fan Boy Where stories live. Discover now