Fan Boy Is Just A Fan Boy Ch-2

Începe de la început
                                    

kpop ဆိုတာကိုရူးမူးနေတဲ့သားက albumတွေအပြင်ဟိုဝယ်ဒီဝယ်လုပ်မှာစိုးလို့ဆိုပြီး စားဝတ်နေရေးစရိတ်ကိုကွက်တိ ကွက်တိပေးတတ်တဲ့ အဖေကြောင့် ကျနော်မှာရွေးချယ်စရာမရှိတော့။ ပိုဆိုးတာက Taeyong ကကျနော့်ဘဝထဲဝင်လာတော့ ကွက်တိဖြစ်နေတဲ့စရိတ်ကိုချွေတာပေမယ့် ပိုတာက ကလေးမုန့်ဖိုးလောက်တောင်မရှိတဲ့ စင်ကာပူဒေါ်လာ ၂ ၃ dollar လောက်။ 7th Sense Album ကိုမက်မောနေခဲ့တဲ့ အချိန်မှာပေါ့လေ။ ဂျပန်ကမိဘအိမ်ကိုပိုက်ဆံမလောက်တော့ဘူးဆိုတဲ့အကြောင်းပြချက်လေးနဲ့ပြောကြည့်ပါလား။

ကျနော့်အကြောင်းကောင်းကောင်းသိနေတဲ့ မိဘ၂ပါးဟာ မိုးမီးလောင်မယ့်အပြင် ဒီဘရုတ်သုပ်ခ အဖွဲ့ကိုမကြိုက်ဖို့တရားရေအေးတိုက်ကျွေးရင်ကျနော်အဲ့နေ့အိပ်လို့ရတော့မှာတောင်မဟုတ်မှန်းသိနေတယ်။ ဒါတောင်ဖုန်းထဲကပြောတာအားမရရင် စင်ကာပူအထိလိုက်လာပြီးတော့ ပွစိပွစိနဲ့ပါးစပ်ကအမြုပ်မထွက်မချင်းဆုံးမမှာသေချာသိနေတယ်လေ။ အတော်ရင်းရင်းနှီးနှီးခင်တဲ့သူငယ်ချင်းဆိုတာကလည်း ကျနော့်လိုကြောင်တောင်တောင်လုူမှာ ၃ယောက်ထက်ပိုမရှိဘူး။ ရှိတဲ့၃ယောက်ကလည်း ကပ်စေးနှဲမုန့်ထက်တောင်ပိုကပ်တဲ့သူတွေ။ ပိုက်ဆံဆိုတာဘဝလို့သတ်မှတ်ပြီး ပိုက်ဆံနောက်ပဲလိုက်နေတဲ့သူတွေ။ သူတို့၃ယောက်ရှေ့မှာတောင်ဒူးထောက်ပြီးချေးခဲ့တာတောင်ငွေကထင်သလောက်မရဘူး ၃ယောက်ပေါင်းမှ စင်ကာပူဒေါ်လာ ၃၀ အဲ့၃၀တောင်မှသေသွားရင်တောင်အုတ်ဂူကိုထွင်းပြီးလိုက်တောင်းမယ်လုပ်နေလို့ မနည်းတောင်းပန်ထားရသေးတယ်။

လက်ထဲကဒေါ်လာ၃၀နဲ့ မရှိမဲ့ရှိမဲ့ကုတ်ခြစ်စုထားတဲ့ပိုက်ဆံပေါင်းရင်တောင်မဝယ်နိုင်သေးတဲ့ album ကြောင့်အိပ်မပျော်ခဲ့တဲ့ညတွေရှိခဲ့သေးတယ်။

နောက်ဆုံး Pizza ဆိုင်မှာအလုပ်ဝင်လုပ်ရတဲ့အထိ NCT and Taeyong ကိုရူးသွပ်ခဲ့တယ်လေ။

အချိန်ပိုင်းအလုပ်ဝင်လုပ်တယ်ဆိုတာကို အဖေသိသွားကြည့်ပါလား သေတဲ့အထိရိုက်သတ်ခံရမှာ။ အလုပ်ဝင်လုပ်ရခြင်းအကြောင်းကလည်း ကိုယ့်စရိတ်ကိုယ်ရှာဖို့မဟုတ်ဘဲ album ဝယ်ဖို့ဆိုတော့ပိုပြီးရိုက်သတ်ချင်စရာဖြစ်နေတာပေါ့လေ။

Fan Boy Is Just A Fan Boy Unde poveștirile trăiesc. Descoperă acum