မြူးမြူးကြွကြွ တေးသံတွေ လှုပ်ရှားကခုန်နေတဲ့ လူတွေ မီးရောင်စုံတွေအောက် ဘယ်သူမှန်းမသိအောင် မူးနေတဲ့ သူတွေ ဟိုနားဒီနားမှာ ဟိုလိုတွေ ဒီလိုတွေရှိနေတဲ့ သူတွေ
V.I.P အခန်းထဲမှာ နာမည်ကြီး အဖွဲ့တစ်ဖွဲ့ရောက်နေတယ် သူတို့ကတော့ အေးဆေးဘဲ သောက်မလား စားမလား ဆိုမလား ကမလား ကောင်မလေးတွေတော့ မပါကြေးပေါ့
Suho သောက်နေတာ နည်းတော့နည်းပါသေးတယ် သူများတွေထက်စာရင်တော့ များတာပေါ့ သူ့ဘေးနားကို ကြည့်လိုက်တော့လည်း ကနေတဲ့သူနဲ့ ဆိုနေတဲ့သူနဲ့ တစ်ယောက်မျက်နှာတစ်ယောက်စားတောဘမတတ်နမ်းနေတဲ့ အတွဲနဲ့
"မင်းတို့ကလည်းကွာ ပျော်ဖို့ပါးဖို့ရောက်နေတာတောင် အဲဒါဘဲ"
Kris တစ်ယောက်နမ်းနေတာကို ရပ်ပြီး.
"ငါ့အတွက် ပျော်စရာဆိုတာ ဒါဘဲလေ မင်းလည်း တစ်နေ့ကြုံလာမှာပါ ကဲ Baby ဇာတ်လမ်းလေးပြန်ဆက်ရအောင် ."
"Okay ge"
"တကယ်ဘဲကွာ"
သူနောက်တစ်ခွက်ထပ်သောက်မလို့ လှမ်းရုံရှိသေး
"အရေးထဲမှာ အန်ချင်လာပြီ ဟေ့ကောင်တွေ ငါအိမ်သာသွားလိုက်ဦးမယ်"
သူ အိမ်သာကိုရောက်အောင် တော်တော်သွားယူလိုက်ရတယ် ပြန်ထွက်လာတော့ အရေးကြီးနေတဲ့ ကောင်လေးတွေက သူ့ကို ဝင်တိုက်သွားလို့ မနည်းပြန်ထိန်းလိုက်ရသေးတယ်
"ဟေး မင်းအဆင်ပြေရဲ့လား"
"ဟမ် ငါလား ပြေတာပေါ့ ပြေမှ ပြေ"
"ဟုတ်ပါပြီ ဒါပေမယ့် ဟိုနားက ကောင်မလေးတွေက မင်းကို အမြတ်ထုတ်ချင်နေတဲ့ပုံဘဲ မင်းကို လိုက်ပို့ပေးမယ်လေ"
"အင်း အင်း ကောင်းပြီ"
အဲဒါနဲ့ သူကတွဲပြီး လိုက်ပို့လို့ အခန်းထဲ ပြန်ရောက်လာတယ်
