ဆုံးရှုံးခြင်းရဲ့အစ

2.3K 235 42
                                    

ပထမဆုံးအတွက် ဒုတိယမြောက်ဆုံးရှုံးခြင်း

Ep-5

ဆိုဖာပေါ် ခနနားဦးမယ်ဆိုသောသူ
ဘယ်လောက်တောင် ပင်ပန်းနေလဲမသိဘူး
ခြေပစ်လက်ပစ် အိပ်မောကျနေသည်
တစ်ညလုံး ကားမောင်းလာရတာကို

မယုံကြည်နိုင်လောက်အောင် ပြောင်းလဲသွားတဲ့ အခြေအနေတွေ
အပြီးတိုင်ဆုံးရှုံးရတော့မယ်လို့ ထင်မှတ်ထားခဲ့ရတဲ့သူက
အခု သူအနားမှာ

ဘယ်အချိန် သူ့အနား အသာတိုးကပ်သွားမိသည်မသိ
သတိထားမိတဲ့အချိန် သူအိပ်နေတဲ့ ဆိုဖာနား ကြမ်းပြင်ပေါ်ထိုင်နေမိသည်
ဆိုဖာပေါ်ကပြုတ်ကျနေတဲ့ သူလက်တစ်ဖက် မဝံ့မရဲ
အသာဆုပ်ကိုင်လိုက်သည်

တကယ်ပဲ ဒီလက်ကို ပိုင်ဆိုင်ကိုင်ဆွဲခွင့်ရပြီလား
လက်ချောင်းချင်းယှက်ကိုင်လိုက်တော့
နွေးထွေးနူးညံ့မှုက တကိုယ်လုံးစီးဆင်းသွားသည်

'' ချစ်တယ် ............ ''
ခပ်တိုးတိုး ရေရွတ်မိသည့်ခန
သူရော တကယ်ပဲ ချစ်တာလား
ဒါမှမဟုတ် ...
...
...
...
...

ဟင့်အင် Jong In မညာဘူး
သူ မညာတတ်ပါဘူး
ငါ မင်းကို အကြွင်းမဲ့ယုံတယ် Jong In

♥♥♥♥♥♥♥♥

'' Baby ............ မပင်ပန်းဘူးလား ''

ပေါင်မုန့် လှီးနေတဲ့ သူကို နောက်ကနေပွေ့ဖက်ရင်း
မေးလိုက်သည်

'' Kim JongIn ......... ဘယ်လိုတွေ ခေါ်နေတာလဲ
အသဲယားစရာကောင်းအောင် .........
ဖယ်စမ်းပါကွာ ......... ''

'' ဘာဖြစ်လဲ ကိုယ့်ချစ်သူကိုယ် Baby ခေါ်တာ
ဘာလဲ ......... Yeobo လို့ ခေါ်ရတော့မှာလား ''
ရဲရဲနီနေသည့် သူ့နားရွက်ကို အသာငုံခဲပြီး
ခပ်တိုးတိုး မေးလိုက်တော့

'' အ ............ ''
'' ဟင် ...... ဘာဖြစ်သွားတာလဲ ......
ဓါးရှသွားတာလား ......... ဖယ် ......
ပေး ...... လက် ......... ''

သွေးထွက်နေတဲ့ လက်ချောင်းလေးကို အသာစုပ်ယူကာ
ငုံထားလိုက်သည်
'' ရတယ် ...... ဖယ် ...... ''

'' ငြိမ်ငြိမ်နေပါ Hun ရာ ............ လာ ဆေးထည့်ပေးမယ် ''
ဆွဲခေါ်ပြီး ပလာစတာ ကပ်ပေးလိုက်ပြီး

'' တော်ပြီ နောက်တစ်ခါ ဘယ်တော့မှ ဓါး မကိုင်ရဘူး ''
'' မင်း ကြောင့်ဖြစ်တာလေ
မင်းသာ ငါ့ကို ယားအောင် လာမလုပ်ရင်
ရှမှာ မဟုတ်ဘူး ...... ''

ပထမဆုံးအတွက် ဒုတိယမြောက်ဆုံးရှုံးခြင်း  Where stories live. Discover now