Kai's P.O.V
'' Hyung ~ ''
သူ့ရှေ့ဒူးထောက်၍ ... သူ့လက်လေးအား ဆုတ်ကိုင်ကာ ... ခေါ်လိုက်ပေမယ့် တုံ့ပြန်မှုမရှိ ၊၊
'' Hyung ... ကျနော့်ကို ကြည့် ''
နောက်ထပ်တစ်ကြိမ် ... ခေါင်းငုံ့နေသော သူ့အား တိုးငြင်းစွာ တောင်းဆိုတော့လည်း မတုန်မလှုတ် ၊၊
သို့သော် .... သူ ငိုနေတာ ကျနော် သိသည် ၊၊
သူ့မျက်ရည်စက်တွေက ကျနော်နဲ့သူ့ရဲ့ လက်အစုံပေါ်ကို တစ်စက်ချင်းစီ ကျနေလေရဲ့ ၊၊
မလိမ်တတ်ဘဲနဲ့ လိမ်နေပြန်ပြီ Hyung ရယ် ... ၊၊
'' Baby ... ''
မခေါ်တာကြာပြီဖြစ်တဲ့ ချစ်စနိုး နာမ်စားလေးဟာ ကျနော့်နှုတ်ဖျားက ထွက်ကျချိန် ... သူ ကျနော့်အား မျက်ရည်များနဲ့ ကြည့်လာ၏ ၊၊
ထို့အတူ...မတွေ့ရတာ ကြာပြီဖြစ်တဲ့ သူ့ရဲ့ နှုတ်ခမ်းဖူးဖူးလေးရယ်... ငိုထား၍ နီရဲနေတဲ့ နှခေါင်းလုံးလုံးလေးရယ် ... ၊၊ ပြည့်ပြည့်ဖောင်းဖောင်း ပါးလေးတွေရယ် ... ၊၊ ကျနော့်ကို တောင်းပန်စကားတွေ အထပ်ထပ်ပြောနေတဲ့ .... မျက်ဝန်းလေးရယ်ကြောင့် ကျနော် ပြုံးမိလိုက်သည် ၊၊
'' ငါ..ငါတောင်းပန်ပါတယ် ''
တိုးလျစွာထွက်ပေါ်လာတဲ့ မရဲတရဲ တောင်းပန်စကားအဆုံးမှာ ကျနော်ဟာ သူ့ရဲ့ ကိုယ်လေးကို ရင်ခွင်ထဲထည့်ကာ ဖက်ထားမိလိုက်သည် ၊၊ ဒီတစ်ပတ်အတွင်း ဘယ်လောက်တောင် လွမ်းနေရလဲဆိုတာ ကျနော်ဘဲ သိသည် ၊၊ ဒီအထိအတွေ့တွေ ... အငွေ့အသက်တွေ .... အရာရာဟာ အဆိပ်တွေလို ကျနော့်ကို သတ်နေခဲ့တာ ... ၊၊
'' ငါ ... ငါ မှားသွားတယ် ၊၊ ငါသာ နောက်ဆုတ်လိုက်ရင် အရာရာ အဆင်ပြေသွားမယ်လို့ ထင်ခဲ့တာ ၊၊ ငါ မင်းကို နာကျင်စေခဲ့တယ် ''
ရင်ခွင်ထဲကနေ ကျနော့်ခါးကို တင်းနေအောင် ဖက်ကာ တဖွဖွပြောနေသော သူ့အား ... ကျနော်ပို တိုးကာ ဖက်လိုက်သည် ၊၊
'' Baby ...ရှုး ... တိတ်တော့နော် ၊၊ အခု အဆင်ပြေသွားပြီလေ .... နော် ''
ကျနော်၏ ကလေးလေးသည် အခုကျမှ ရှိုက်ကြီးတငင် ပို၍တောင် ငိုလာသည် ၊၊