အနမ္း Virus

17K 1.1K 31
                                    

(Unicode)

ခပ်ထေ့ထေ့မျက်နှာပေးနဲ့ ရုပ်သွင်က
မွေးကတည်းက ပြင်မရ။
ရုပ်ရည်နည်းတူ အကျင့်စရိုက်ကလည်း
လူတကာ နှာခေါင်းရှုံ့ချင်စရာမို့ ခပ်ခွာခွာ
နေကြလည်း တစ်မျိုးကောင်းတာပဲ။
ုမိဘနှစ်ပါးတောင် မနိုင်လို့ လက်လျော့ထားတဲ့
စရိုက်ဆိုးဆိုးကို ဘယ်သူကမှ စေတနာ
ဗလပွနဲ့ ပြင်ပေးမှာမဟုတ်။

ကောင်းလွန်းရင် ခေါင်းပေါ်တက်နင်းခံရမယ်။
ဆိုးလွန်းရင် ရှောင်ကွင်းသွားကြမယ်။
ကျွန်တော် ရွေးချယ်မိတဲ့လမ်းက ကွင်းပြင်
ကျယ်ဆိုရင်တောင် အနင်းခံမြက်ပင်တို့
စိမ်းလန်းနေသားပဲ။ ဘာမကျေနပ်စရာရှိမလဲ။

ဆေးငွေ့လွှမ်းသော အခန်းကျယ်ထဲသို့ တုံ့ဆိုင်းစွာ ခြေချမိစဉ် အစိမ်းသက်သက်
မျက်ရည်တို့ ပိုးပိုးပေါက်ပေါက်။
Hyung ရှေ့ရောက်တိုင်း လစ်လပ်သွားတဲ့
မျက်ရည်တို့ စီးဆင်းနေကြမို့
အထူးအဆန်းလုပ်ပြီး ကျွန်တော် မသုတ်မိ။

ဆေးပိုက်တန်းလန်းသည် အပေါက်ကြီးငယ်
အသွယ်သွယ်မပြတ် ချိတ်ဆက်လျက်။

" Hyung !!!!! မထသေးဘူးလား
ဒီနေ့နဲ့ဆို Hyung အိပ်နေတာ ၂နှစ်ပြည့်တော့
မယ်လေ။ ကျွန်တော်တစ်ယောက်တည်း
မွန်းကျပ်လှပြီ "

ရှိုက်သံလွှမ်းသော နှုတ်ခမ်းအစုံသည်
တဆတ်ဆတ်တုန်၏။

အချုပ်အနှောင်တွေကြားမှာ Hyung
ပျော်ရဲ့လား?

Hyung မိန်းကလေးမရှိတဲ့ အိမ်မက်ထဲမှာ
ပူပန်လွန်းလို့ လိုက်ရှာနေမလား?
ကျွန်တော် မသိရဲဘူး Hyung ။

အခြေအနေမတူရင် ခွဲခြားလို့ရတဲ့အထဲမှာ
အချစ်မပါဘူးလို့ Hyung ခဏခဏပြောပြီး ဘာလို့ ဒီမှာအိပ်နေရတာလဲ။
ချစ်ရသူကို မကာကွယ်နိုင်ခဲ့လို့
ပျော့ညံ့ညံ့လုပ်ပြီးများ အိမ်မက်
မက်ရင်း ရှောင်နေရော့သလား Hyung ရာ။

အိမ်ကြီးမဏ္ဍိုင်သည် လူကုံထံများနဲ့
စည်ကားသက်ဝင်သလောက် Hyung
အခန်းကျယ်ကျယ်မှာတော့ တစ်နေ့တစ်ခါ
ရောက်လာတဲ့ ဆရာဝန်ကြီးမှလွဲ၍ အထူး
ဧည့်သည် မရှိ။

Hyungလက်ဖဝါးဖွေးဖွေးသည် ကျွန်တော့်
လက်များအား ပြန်လည်မဆုပ်ကိုင်နိုင်ပေမဲ့
အနွေးနုနုကို ခံစားရသည်။

Virus of Love [Completed]Where stories live. Discover now