" မင်းကဘာလဲ ။ ကိုယ့်အထာနဲ့ ကိုယ်နေ။
ဝင်မရောနဲ့ "

" ခင်ဗျားလေး အတော် စွာပါလား
အကောင်းနဲ့ပြောတာကို "

ဒေါသထွက်လွယ်တဲ့ ကျွန်တော့်ကို စွာတယ်
ဟု မချိုမချဉ်ပြုံးရင်း ပြောတဲ့အထာက မိန်းကလေးနှင့် နှိုင်းယှဉ်သည့် ပုံပေါက်နေ၍ လက်ယဉ်ယဉ်သည် သူ့ဝမ်းဗိုက်သားကို ပိတ်ထိုးမိလျက်သား။ အကောင်သေးပေမဲ့ လက်ဆပြင်းတဲ့ ကျွန်တော့် အားကြောင့် သူ့မျက်နှာတစ်ချက် မဲ့သွားတယ်။

ဗိုက်ကိုဖိကာ ခါးကိုင်းလျက်ပင် မရီမပြုံး
ကျွန်တော့်ကို ငေးနေတဲ့ သူ့မျက်လုံးများကို
ခံရခက်စွာ ကျွန်တော် မုန်းမိတယ်။

သူသည် ကျွန်တော့် ခပ်ညစ်ညစ်ဘဝထဲ စတင် စည်းကျော်လာသော အပေအတေတစ်ဦး
အဖြစ် စာရင်းတိုးခဲ့ရုံသာ။

အိမ်ကြီးမဏ္ဍိုင်၏ နံရံသည် ကုပ်တွယ်တက်ဖို့
ရာ အဆင်မပြေ။ ကျွန်တော်သည် သူ့ပုခုံးပေါ်
တွင် ခြေမြဲမြဲရပ်လျက် နံရံပေါ်သို့ ကြိုးစားတွယ်
တက်နေရသည်။ကြိုတင်ဖြတ်ထားခဲ့သော
စတီးဆူးကြိုးများရန်မှ ကင်းလွတ်ပေမဲ့
နံရံက မြင့်လွန်းတာမို့ အားစိုက်ထုတ်မှရမည်။

လမ်းမပေါ် မူးလဲနေတဲ့ ကျွန်တော့်ကောင်များ
ရှိရာသို့ တံတွေးကို ပြွတ်ခနဲထွေးထုတ်ကာ
ကျိန်ဆဲမိတယ်။ သူသာ မရှိရင် Kim Taehyung
တစ်ယောက် သွားအကပ်လိုက် ကျွတ်ပြီး
အခန်းပိတ်ခံရမဲ့အရေး ။

ခြံထဲသို့ သူခိုးချောင်းချောင်းရင်း လူရှင်းမရှင်း
ကြည့်ရသေးသည်။ ဧည့်သည်မပြတ်သော
သူဌေးကြီး၏ အိမ်မို့ လူရှေ့သူရှေ့အဆော်
ခံရလို့ ခေါင်းကွဲ,,အရှက်ကွဲ ရပေါင်းမနည်း။
သူဌေးကြီးက ဒါတော့ ရှက်တတ်သလား လို့
မေးရင် အံတင်းတင်းကြိတ်ကာ ကျွန်တော်
နာကျည်းချက်တွေ ပေါက်ထွက်ကုန်မယ်။
ပြီးရင်တော့ ဖူးယောင်နေတဲ့ ကျွန်တော့်
မျက်နှာကို သူဌေးကတော်က ကိုင်ရင်း
တငိုငို တရီရီလုပ်မယ်။ ပွဲတိုင်းမှာ ကိုယ်အရင်
ဦးအောင်ချနိုင်လည်း ကျွန်တော့်မျက်နှာသည်
သူဌေးကြီး လက်ချက်နဲ့ အညိုအမဲမပြတ်။

" ခင်ဗျားလေး တော်တော်လေးတာပဲ "

" ရောက်တော့မှာပါ ။ ယောကျာ်းကြီးတန်မဲ့
မညီးစမ်းနဲ့ "

Virus of Love [Completed]Where stories live. Discover now