" Hello !! 😉 "
" Hey! Sweetie~ ✋👋 "
" တောက်~ ပါးကျိုးသွားမယ်! စပလိန်ရုပ် လာလုပ်မနေနဲ့~ "
" အိုးးးး! ဘေဘီ စွာလိုက်တာ..အိစ်!!! "
တွေ့မြင်သမျှ မိန်းကလေးတိုင်းကို ပါးစပ်အငြိမ်မနေ၊ မျက်စိအကြောလိုက်သလို အခွက်ပြောင်လျက်ရှိသော Baekhyun..
ခပ်စွာစွာမိန်းကလေး နဲ့ တွေ့မိကာမှပဲ ပါးစပ်ပိတ်သွားတော့သည်။
Seoul University^^
Second year, Act Major ကျောင်းသား တယောက်ဖြစ်သော်လည်း ခုမှကျောင်းစတက်ရတဲ့ မျောက်လောင်းကဲ့သို့~
ထို့ကြောင့် Byun Baekhyun ဟူသော နာမည်အရင်းထက် Gypsy Bacon လို့ သတင်းကြီးသောသူ။
" ဟေးးး မင်း ကိုယ့်ရှေ့က ဖယ်ပေးပါ ! "
သြရှရှအသံတခု သူ့ဆီပျံ့လွင့်လာလို့ ကြည့်လိုက်တော့...
" ဟာ..နတ်သား!!! 😱 "
သူ အလန့်တကြားပုံစံ ရေရွတ်လိုက်တာမို့ သူ့ကိုရှုတင်းတင်းစိုက်ကြည့်နေတဲ့ ကိုယ်တော် တချက်တော့ တွန့်သွားသည်။
နတ်သားလို့ခေါ်ရလောက်အောင် သူ့ရှေ့က ကောင်လေးက အရမ်းပဲချောပါသည်~
အရပ်ရှည်ရှည်၊မျက်လုံးဝိုင်းဝိုင်း၊ နှုတ်ခမ်းထူထူ၊ နားရွက်ကားကားလေးနဲ့~
အမလေး! ကျနော့်ကိုကြည့်ပီး smirk ပြုံးလိုက်တာ ပါးချိုင့်လေး ပေါ်လာတယ်..
" ဒီမှာ!! ရူးကြောင်ကြောင် လုပ်မနေနဲ့..မြန်မြန်ဖယ်ပါ~ "
သူကလည်း ကျနော့်ရဲ့ ရူးကြောင်ကြောင်အကွက်ကို သိရှာသား~ လူတကိုယ်စာလမ်းကို ပိတ်ရပ်နေတဲ့ကျနော်။ မဖယ်ပေးချင်လို့ အရူးကွက်နင်းနေတာလေ 😂
" တစ်ကနေတစ် အထိ ရေမယ်..မဟုတ်ရင်! "
" မဟုတ်ရင်~~ "
" 😏 "
သူ့စကား သံယောင်လိုက်လိုက်တဲ့ ကျနော့်ကို smirk ထပ်ပြုံးပြပါတယ်~ သေပါတယ်..Gypsy Bacon အတောင့်လိုက် အသက်ထွက်ပါပီ!!
" တစ်! "
°• ဝှစ် •°
ဟယ်..ဘယ်လိုတောင်လား! ကျနော့်ခန္ဓာကိုယ် ကို လက်နှစ်ဖက်နဲ့ ဆွဲယူတပတ်လှည့်ပီး ရှေ့ကိုရောက်သွားလေတဲ့ သူ။
" မင်းခန္ဓာကိုယ်က ကစ်ကစ်လေးနော် ! 😂 Bye! I'm Park Chanyeol 😉 "
ခေါင်းလေးနောက်ပြန်လှည့်ပြောပီး ထွက်သွားလေတဲ့ သူ့ကြောင့် Baekhyunတယောက် ကမ္ဘာကြီးနဲ့ ခေတ္တခဏ အဆက်အသွယ် ပြတ်သွားပါတယ်~
<<<<<TBC>>>>
ဖတ်မယ့်သူရှိမှ ဆက်ရေးမယ်နော်..မရှိရင်တော့ ပြန်ဖျက်ပါရစေ။ ဆက်ရေးမယ်ဆိုလည်း စာမေးပွဲ ပီးမှပါ..ခုက ပျင်းလို့ introလေး တင်ကြည့်တာ..😁
