ပုံပြင်ထဲက ကြယ်မကြွေတဲ့ည

1.4K 126 5
                                        


" မေမေ သားခြံထဲမှာ ခုနက ချစ်စရာကောင်းတဲ့
ကောင်လေးတစ်ယောက်ကို တွေ့လိုက်တယ် "

" သားအမြင်မှားတာနေမှာပါ ဒီစံအိမ်ကြီးထဲ
ဘယ်ကလေးမှ မရှိဘူး ... သားလေးအိပ်ရတော့
အောင်နော် ညကျရင် အပြင်ကို လုံးဝမထွက်ရဘူးနော် သားလေး "

သူ့အမေပြောသမျှ ခေါင်းလေးငြိမ့်နားထောင်နေတဲ့
ကောင်လေးကို Do Doကြည့်ရင်း မျက်ရည်တွေ
စီးကျလာသည် ... သူဒီကောင်လေးနားကို သွားပြီး
စကားတွေပြောချင် ဆော့ကစားချင်ပေမဲ့ မကောင်းဆိုးရွား
လို့ လူတွေသတ်မှတ်ခံထားရတော့ အခုလို ပုန်းလျိုး
ကွယ်လျိုး လိုက်ချောင်းကြည့်နေရုံကလွဲ မတတ်နိုင်ပါ

......................................................

" ဟိုမကောင်းဆိုးဝါးလေးကို ခြံထဲမဆင်းစေနဲ့ အပြင်ကို
ထွက်မလာစေနဲ့လို့ ပြောထားသားနဲ့ အပြင်ထွက်လာလို့
လူတွေမြင်ကုန်လို့ကတော့ ဒီစံအိမ်ကနေ နှင်ထုတ်ခံရဖို့
အသင့်ပြင်ထား "

" ဟုတ်ကဲ့ပါ သခင်မလေး ကျမသားလေးကို သေချာ
နားလည်အောင်ပြောထားပါ့မယ် "

သခင်မကြီးထွက်သွားတော့ ငိုနေတဲ့ မေမေဆီကို
Do ပြေးပြီးဖက်လိုက်ရင်း မေမေ့ရင်ခွင်ထဲကနေ
လက်သေးသေးလေးတွေနဲ့ မျက်ရည်တွေကို သုတ်ပေး လိုက်တယ်...မေမေကတော့ မျက်ရည်တွေကို
သုတ်လိုက်ပြီး Do Do ကျောပေါ်က တောင်ပံဖြူဖြူ
လေးကို ပွတ်သတ်ပေးရင်း Do Doကိုသာ
စိတ်မကောင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ်

" သားက တစ်ကယ်မကောင်းဆိုးဝါးလေးလား မေမေ"

" မဟုတ်ပါဘူးသားရယ် သားက ဘုရားသခင်က
မေမေ့အတွက် ဖန်ဆင်းပေးထားတဲ့ angelလေးပါ "

Do Do မှာ မွေးကထဲက တစ်ခြားကလေးတွေနှင့်မတူ
တောင်ပံဖြူဖြူလေးတွေပါတာကြောင့် လူတွေက
မကောင်းဆိုးဝါးလေးလို့ သတ်မှတ်ထားကြပြီး မေမေ့ကို
လည်း မကောင်းဆိုးဝါးလေးရဲ့ အမေဆိုပြီး စံအိမ်တစ်ခု
လုံးက မတူမတန်သလို ဆက်ဆံတတ်ကြသည်

" မေမေသားလေ Yeollie ကို သွားတွေ့လို့မရဘူးလား
သူက သားကိုမြင်ရင် လန့်ပြီးထွက်ပြေးသွားမှာလားဟင်"

CS ONE SHOTSWhere stories live. Discover now