Episode-2(အလွဲဖြင့်တွေ့ဆုံမှု)

Start from the beginning
                                    

"Yi Fan... မင်း အန်တီ့ကို အကွက်တွေရွှေ့လာတာလား?"

သူ့ထက်အရင် ကိုရီးယားသို့ ကျောင်းလာတက်နေသူ ငယ်ပေါင်းရင်းချာ သူငယ်ချင်းကြီး Xiao Luhan ၏ အမေးကို Yi Fan ရယ်ရင်း-

"အေးပေါ့ကွာ။ ငါလာချင်နေတာကို ဘယ်တတ်နိုင်မှာလဲ ။ Wu Yi Fan ပါ ဖြစ်ချင်တာရှိရင် အလွယ်လေး ။ "

"အေးပါကွာ ... မင်းအခုကျောင်းကိစ္စတွေဘာညာလုပ်ရဦးမှာပေါ့ ။ "

"အေးကွာ။ ကျောင်းတက်ဖို့လို့ ပြောပြီးလာတော့လည်း လုပ်ရမှာပေါ့ ။ "

"ဘယ်ကျောင်းလျှောက်မှာလဲ? ငါတို့ ကျောင်းလား?"

"ဟွာရမ်းကျောင်းလေ လျှောက်တောင် လျှောက်ပြီးပြီ ။ "

"အဲဒါ ငါတို့ကျောင်းလေ အရူးရဲ့ ! "

" ခွီးးး သိမှမသိတာ သမင်စုတ်ရဲ့ "

"လခွမ်းကောင် ... ဘာသမင်စုတ်လဲ ငါလုပ်လိုက်ရ  "

Yi Fan တစ်ယောက် Coffee ဆိုင်တွင် Luhanပေါက်ကွဲနေသည်ကို ကြည့်ပြီးထိုင်သာခွီနေသည်။

*** *** *** *** *** *** *** *** *** *** ***

At airport...,

"ချမ်း...ဟိုမှာ ကျန်းမာရေးဂရုစိုက်နော်။ ဒီကရာသီဥတုနဲ့ ဟိုကရာသီဥတုနဲ့က တူတာမဟုတ်ဘူး။ မေမေ့ကိုလည်း ဖုန်းအဆက်အသွယ်မှန်မှန်လေးလုပ်ဦး။ ငွေလိုရင်မပြောဘဲ မနေနဲ့။ အပေါင်းအသင်းလည်း မမှားစေနဲ့။ အစစအရာရာ ဂရုစိုက်ကွယ် ။ "

"ဟုတ်ကဲ့မေမေ... သားသွားတော့မယ်နော် ..."

ချမ်း ... ခရီးဆောင် အိတ်လေးဆွဲရင်းထွက်သွားပြီးမှပြန်လှည့်လာပြီး အမေဖြစ်သူအားဖက်လိုက်ပြီး -

"ကျေးဇူးတင်ပါတယ် မေမေ... သားကို မွေးဖွားလာပေးတဲ့အတွက်။ သားမေမေ့ကို အရမ်း...ချစ်တယ် ။"

"မေမေလည်း သားကို အရမ်းချစ်ပါတယ်ကွယ်။ "

"မငိုနဲ့လေနော် မေမေ။ မေမေငိုတော့ သားသွားဖို့စိတ်မဖြောင့်ဘူး။"

"အင်းပါ မေမေ မငိုတော့ဘူး။ သွားတော့လေ သား။"

"Nae...အဲ ဟုတ် သားသွားပြီနော် ။ "

ခရီးဆောင်အိတ်လေးဆွဲကာ Style ကျကျ ထွက်ခွာသွားသည့် ချမ်း ရဲ့နောက်ကျောလေးကို ကြည့်ကာ ဒေါ်ကြာဖြူ မျက်ရည်ကျရပြန်သည်။

If I Love You Again....-KRISYEOL[Hiatus]Where stories live. Discover now