Episode-2(အလွဲဖြင့်တွေ့ဆုံမှု)

2.5K 259 19
                                    

"Chanyeol'a......"

သူ့အမည်ခေါ်သံလိုလိုကြားရသည်မို့ ချမ်း မျက်လုံးဖွင့်ကြည့်လိုက်သည်။

"Chanyeol'a........."

ထပ်မံကြားရပြန်သည်။ ချမ်း ဟူသော အမည်နောက်က တစ်စုံတစ်ခုကို သေချာမကြားသော်ငြား သူ့ကို ခေါ်နေမှန်းမသိစိတ်ထဲမှ သိနေသည်။

"Kris...Kris လား။"

သူ့စကားကိုသူမယုံနိုင်။ Kris ဟူသော အမည်နာမကို သူ မည်သို့သိသနည်း။

"Chanyeol'a......"

လူတစ်ယောက်မတ်တပ်ရပ်နေပြီး အလှမ်းဝေးသောတစ်နေရာတွင်ရပ်စောင့်နေဟန်။ သူပြေး၍ သွားလေလေ အသံနှင့်တကွ ရပ်စောင့်နေသောသူပါ ဝေးသွားလေလေ......။

"Kris............Kris ............"

#ဘုတ်#

ဟင် ... အိပ်မက်ပဲလား?

ချမ်း ... အမှန်တကယ်ပြေးထားသကဲ့သို့ရင်တွေတစ်လှပ်လှပ်ဖြစ်နေသည်မို့ ရေသောက်ရန် ထွက်လာခဲ့သည်။

သူ ဘယ်သူလဲ? ဘာဖြစ်လို့ 10နှစ်လုံးလုံး ထိုအိပ်မက်သာထပ်တလဲလဲမက်နေရသလဲ? Kris ဆိုတာ ဘယ်သူလဲ ? Chanyeol ဆိုတာကကော ဘယ်သူလဲ ???

ချမ်း ... အတွေးပေါင်းများစွာဖြင့် ရေသောက်ပြီး အခန်းထဲပြန်ဝင်လာပြီးအိပ်ယာထက်လှဲလိုက်ကာ သူ့ညာဘက်ရင်အုံကို ဖိ၍ -

"ဘာလို့ဒီနားက တစ်ခုခု ပြည့်ကျပ်နေသလို ခံစားနေရတာလဲ ?Wae? ခင်ဗျားဘယ်သူလဲ ?? ဘာဖြစ်လို့ ခင်ဗျားကို အိပ်မက် မက်ပြီးတိုင်း ငိုချင်လာရတာလဲ Wae???? "

ချမ်း မကျေမချမ်းရေရွတ်ပြီး မျက်လုံးများမှိတ်ပစ်လိုက်သည်နှင့် မျက်ရည်လေးများကျလာခဲ့သည်။

*** *** *** *** *** *** *** *** *** *** ***

"မာမား ကလည်း ပါပါးတောင် ဘာမှမပြောတာကို "

"............"

"တကယ်ပါ ... သားစာမေးပွဲရလဒ် တွေကို ဓာတ်ပုံရိုက်ပြပါ့မယ်။ "

"............"

"ဟုတ်ကဲ့ပါ မာမားရယ် သားဖုန်းချပြီနော် တာ့တာ I love you,mom  "

ဖုန်းချပြီးသက်ပြင်းရှည်တစ်ခုကို မှုတ်ထုတ်လိုက်သည်။

If I Love You Again....-KRISYEOL[Hiatus]Where stories live. Discover now