Part_2

3.2K 328 46
                                    

ရေပန်းမှတဆင့်​ Chanyeolရဲ့ခန္ဓာ​ပေါ်ကျ​ရောက်​​လာသည့်​​ရေစက်​​တေက ​ရေမှုန်​​ရေမွှား​တေအဖစ်​​ပြောင်းလဲသွားသည်​~

အေးမြတဲ့​ရေစက်​တို့က ​ခေါင်းမှတဆင့်​​ခြေဆုံးထိကျဆင်း​နေ​ပေမဲ့  Chanyeolရဲ့ရင်​ကိုမ​အေးချမ်းနိုင်​​~

စိုထိုင်း​နေတဲ့ဆံပင်​​တေကိုလက်​နဲ့ဖွာရင်း ​ရေချိုးခန်းအပြင်​ထွက်​လာသည့်​တိုင်​ အ​တွေးမျှင်​များကမပြတ်​နိုင်​​သေး~

* sigh *

သူ့ကုတင်​​ပေါ်မှာ​စောင်​​တေနဲ့လုံး​ထွေး​နေတဲ့​ကောငိ​လေးကိုမြင်​​တော့ ​လေပူ​တေမှုတ်​ထုတ်​မိပြန်​သည်​။

မ​နေ့က clubမှာမူးရူးကွဲ​နေ​တဲ့အ​ကြောင်း ဖုန်းလက်​ခံရ​တော့ ကမူးကရူးသွားကာ​ခေါ်လာခဲ့ရတာဖစ်​တယ်​~

ဘွဲ့​တောင်​ရပီးပီဆို​ပေမဲ့ ဆူညံတဲ့​နေရာမျိုးသိပ်​မကြိုက်​တတ်​တဲ့သူမို့ တခါတ​လေသူငယ်​ချင်း​တွေ့ဆုံ​ပွဲ​တေကလွဲ club​တေကိုသွား​လေ့မရှိသည့်​သူသည်​ အထက်​တန်း​ကျောင်းသားဆို​ပေမဲ့ လှည့်​ပတ်​ပီး clubထဲဝင်​ချင်​သလိုဝင်​ ထွက်​ချင်​သလိုထွက်​​နေတဲ့ ဒီ​ကောင်​​လေး​ကြောင့်​ ​ရောက်​ရ​ပေါင်းမနည်း​တော့~ ​သူ့စကားဆို နား​ထောင်​ချင်​တဲ့အချိန်​နား​ထောင်​၍ ဆိုးချင်​တဲ့အချိန်​ဆိုးတတ်​တာ​ကြောင့် ... ပြောလို့လည်းမနိုင်​.... လွှတ်​သာထား​ပေးရ​တော့သည်​~

မ​နေ့ကလည်း ဘယ်​​လောက်​​တောင်​​သောက်​ထားလဲမသိ ဇာတ်​​တောင်​ကျိုးကျ​နေပီး ဘာဆိုဘာမှမသိတဲ့အဖစ်​ကို​တောင်​​ရောက်​​နေ​လေပီ :3

" အင့်​!! အင်းးးးး"

စောင်​ပုံထဲကလူးလွန့်​လာကာ ​ခေါင်းကုတ်​လိုက်​ ဗိုက်​ကိုကုတ်​လိုက်​နဲ့ တချက်​ညည်းကာဗလုံးဗ​ထွေး​ထ​ပြောတဲ့ Sehun​ကြောင့်​ Chanyeolပြုံးကာ​ခေါင်းခါမိလိုက်​သည်​။

စိတ်​ရှုပ်​​နေတဲ့မျက်​နှာထားက​နေ ချက်​ချင်းဆိုသလိုပြုံးသွားတဲ့Chanyeolဆိုတဲ့လူသားကို စိတ်​ခံစားချက်​ခဏခဏ​ပြောင်းလဲနိုင်တာ Oh Sehunကလွဲပီးဘယ်​သူထပ်​​ပေါ်လာအုံးမလဲလို့ Chanyeol​စောင့်​​နေဆဲပါ~

STRAIGHT BOYS[ChanHun]Where stories live. Discover now