အချစ်ဆိုတာကျွန်တော့အတွက်တော့ သူ့အပြုံးများစွာ ဖန်ဆင်းပေးခြင်းသာ. . . . .
*****
When Taemin is 5 and Minho is 6
"ကဲ ဒီလအတွက်လည်း Choi Minho ကပဲ ပထမရသွားတယ် . . . ဒုတိယ က . . . Lee Taemin
Choi Minho ကိုတော့ဘယ်သူမှမကျော်နိုင်ကြပါလား ကွယ် ငါးလဆက်တိုက် ပထမဆုရှင် ငါ့တပည့်က တော်လိုက်တာ. . ."
ရလဒ်တွေကြောင့် taemin ကြိတ်ပြီး ဒေါသထွက်မိသည်။
/choi minho . . . CHOI Minho . . . CHOI MINHO မင်းကဘာမို့လို့ ငါကမကျော်နိုင်ရတာလဲ/
ဘီလူး သရဲစီးနေတဲ့မျက်လုံးနဲ့ taemin စိုက်ကြည့်နေသည်ကို Minho သတိမထားမိ
အတန်းတွင်းခုံများမှာ အဆင့်အလိုက်ထိုင်ရသည့် စနစ်ဖြစ်၍ အဆင့် တစ်ရသည့် minho နောက်တွင် Taemin အမြဲတမ်းထိုင်ရလေသည်။ Minho ရှေ့တွင် ထိုင်နိုင်ရမည်ဟု ဆုံးဖြတ်ချက်ချ
ခဲ့သော်လည်း ယနေ့အထိ Taemin ရှေ့မတက်နိုင်သေး
/သူ့ ထမင်းဘူးလေးကလှလိုက်တာ tweety ရုပ်လေးနဲ့ ဟင်းတွေကလည်း အများကြီး အသည်းပုံအသားပြားလေးတွေလည်းပါသေးတယ် ငါ့ကိုလည်း အဲ့လိုထမင်းဘူးထည့်ပေးမယ့် umma ရှိရင်ကောင်းမှာပဲ
အို . . . ငါ့မှာ ငါ့ကိုအားလုံးထက် ဂရုစိုက်တဲ့ ငါ့နာနီရှိသားပဲ ဘယ်သူမှ မလိုဘူး ငါ့နာနီလက်ရာက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ/
ပါလာတဲ့ ကြက်ဥထမင်းကြော်လေးကိုစားရင်း taemin ကိုယ့်ကိုယ်ကို အားတင်းလိုက်သည်။
"အဟမ်း . . . အဟမ်း Taemin ငါနဲ့ထမင်းတူတူစားပါလား . . .?"
Taemin ကို အမြဲတမ်းသတိထားကြည့် နေခဲ့ပြီး စိတ်ထဲကလည်း သူငယ်ချင်းဖြစ်ချင်နေသည်မှာကြာခဲ့ပြီ ယခုလည်း သူ့ထမင်းဘူးကို ငေးကြည့်နေသည်ကို Minho သတိထားမိလိုက်သည်။
"ဘာလို့ မင်းနဲ့စားရမှာလဲ?"
ဒီလိုခပ်ရင့်ရင် အပြောတွေကြောင့်ပင် Taemin ကိုခင်ချင်ပေမယ့် စကားမစရဲခဲ့ နီးလျှက်နဲ့ ဝေးနေရသည်။
