မောင်စေညွှန်ရာ...

Start from the beginning
                                    

Kris::ငါမင်းကိုပြောပြီးပြီလေ။ ဘယ်လောက်လို
ချင်လည်းသာပြော။

Kai::ကျွန်တော်ပြောစရာ မလိုပါဘူး။ ခင်ဗျားသမီးကို
ခင်ဗျားဘာသာပဲ ဈေးဖြတ်ပေါ့။

Kris::ဘာ မင်းစကားကိုဆင်ခြင်ပြောစမ်း Kim Jong In
ဈေးဖြတ်ရအောင် ငါ့သမီးက ဈေးဗန်းပေါ်တင်ထားတဲ့
ဟင်းရွက်ကန်စွန်း မဟုတ်ဘူး။

Kai::ဟားဟားးဟုတ်လား? မသိပါဘူး။ ခင်ဗျားက
ဈေးစကားပြောနေတော့ ကျွန်တော်ကလမ်းဘေးက
ဟင်းရွက်ကန်စွန်းထင်လို့ ဟားဟား။

Kris::Kim Jong In မင်း မင်း ခွေးစကားမပြောနဲ့။

Kai::ခွေးစကားးခင်ဗျားနားလည်တယ် မဟုတ်လား?
ဒါဆိုခင်ဗျားလည်း ကျွန်တော်နဲ့အတူတူပဲပေါ့။

Kris::မင်းးရိုင်းလှချည်လား Kim Jong In!!

Kai::အခုမှသိတာလား? Kim Jong Inရိုင်းဆိုင်း
တယ်ဆိုတာ။

Kris::ဒါပေါ့လေ မင်းလိုအောက်တန်းစားမျို.းက
ရိုင်းဆိုင်းတယ်ဆိုတာ မဆန်းပါဘူး။ ဟွန့် စည်း
ကမ်းဆိုတဲ့ မသိတဲ့မိဘတွေရဲ့ အုပ်ထိန်းမှုအောက်
မှာ ကြီးပြင်းလာတာပဲ။ ဒီလောက်တော့ရှိမှာပေါ့။

ခနဲ့တဲ့တဲ့ပြောနေသည့် ထိုလူကြီးစကားက
ကျွန်တော့်ရဲ့ဒေါသတွေကို လောင်မြိုက်စေတယ်။

ကျွန်တော့်ကိုကြိုက်သလို ပြောသွားလိုက်
မကျေနပ်ရင် ပါးရိုက်သွားမလား ရသေးတယ်။

ကျွန်တော့်မိဘတွေတော့ လာမစော်ကားနဲ့
ကျွန်တော်ဆ်ုတဲ့ကောင်က သည်းခံမှာမဟုတ်ဘူး။

မတ်မတ်ရပ်နေသည့် ထိုလူကြီး၏အကျီင်္ကော်လံစ
အား ဆောင့်ဆွဲလိုက်သည်နှင့် ရန်လိုနေသည့်
ခပ်စူးစူးအကြည့်နှစ်ခုက စီးချင်းပြိုင်နေကြသည်။

Kai::ခင်ဗျားလိုလူမျို.းကို သတ်ပစ်လို့တောင်ရတယ်
Wu Yi Fan!! ကျူ.ပ်ခြံထဲလာပြီး ဂန်ကျယ်မနေနဲ့။
Kim Jong Inဆိုတဲ့ကောင်က အဖေအရွယ်လည်း
နားလည်မှာမဟုတ်ဘူး။

Kris::ကြောက်တတ်ရင် ငါဒီအထိရောက်မလာဘူး
Kim Jong In!!

Kai::ခင်ဗျားး

ထိုးရန်ချိန်ရွယ်လိုက်သည့် လက်သီးတစ်ဖက်က
လက်တစ်စုံ၏ ထိန်းချူ.ပ်မှုကြောင့် လေထဲမှာပင်
ရပ်တန့်သွားသည်။

မောင်​​စေညွှန်​ရာ....Where stories live. Discover now