Happily Ever After (A)

789 39 3
                                    

ဒီနေ့က သူတို့နှစ်ယောက်ရဲ့ Anniversary နေ့မို့ တွေ့ဖို့ချိန်းထားတဲ့နေရာမှာ Kyung Soo စောင့် နေမိသည်။

"Kyung Soo ah"

နားထဲကို တိုးလျှိုးဝင်ရောက်လာတဲ့ သူ့ အသံချိုချို ကြောင့် Kyung Soo နောက်လှည့်ကြည့်မိသည်။
တီရှပ် အဝါ ခပ်ဖျော့ဖျော့နှင့် ကွာတားဘောင်းဘီ အညိုရောင်ကို တွဲဖက်ဝတ်ဆင်ထားတဲ့ သူ က အရင်အတိုင်းပဲ အလွန်ကြည့်ကောင်းနေသည်။
သူ.. ပြုံးရင်း Kyung Soo ဆီကို တန်းတန်းမတ်မတ် လျှောက်လာနေသည်။
ထိုအပြုံး.. ထိုအပြုံးသည် သူ တခါခါပြုံးတတ်သော ခနဲ့သော အပြုံးမဟုတ်။ ရွဲ့ကာပြုံးသော မဲ့ပြုံးလည်း မဟုတ်။ အပြုံးတုတခုလည်းမဟုတ်။ အမှန်တကယ် ပကတိ သူ၏ အပြုံးစစ်စစ်ပင်ဖြစ်သည်။
ထိုအပြုံးက ချိုသည်။ တော်ရုံတန်ရုံလူ ကြည့်ရုံနဲ့တင် ချောင်းဆိုးသွားမည့် အပြုံးမျိုး..
အပြစ်ကင်းစင်သည့်အပြုံးမျိုး..
လူကြီးဆန်ဆန်နေချင်သည့် သူ့ အား ကလေးရုပ်ပေါက်စေသည့် အပြုံးမျိုးပင်ဖြစ်သည်။
သူရဲ့ ထိုအပြုံးထဲတွင်ပင် Kyung Soo ကျရှူံးခဲ့ရသည်။ ယခင်ကလည်း ကျရှူံးခဲ့သလို ယခုထက်တိုင်လည်း ထိုအပြုံးကိုမြင်လျှင် Kyung Soo အရည်ပျော်ရစမြဲပင်..။

"Kyung Soo.."

တွေးလက်စအတွေးစ တချို့က သူ့ခေါ်သံကြောင့် အဝေးကို လွင့်သွားသည်။ တဖြည်းဖြည်းနှင့် အနားကို သူနီးကပ်လာပြီး သူ့ကိုလှည့်ကြည့်နေသည့် Kyung Soo ကို ခါးကနေသူ သိမ်းကာဖက်လိုက်သည်။

"အာ.. ဘေးမှာ လူတွေနဲ့ကို.."

Kyung Soo သူ့လက်ကို ဆွဲဖြုတ်လိုက်ရင်း ပြောလိုက်သည်။ ဒါကို သူ့က ပြန်ဖက်လိုက်ရင်း..

"ဘာလဲ ? Kyung Soo ကရှက်နေတာလား ?"

သူ့မေးခွန်းကို ပြန်မဖြေပဲ Kyung Soo ခေါင်းကိုသာ ငုံ့ထားမိသည်။

"ဟုတ်တာပဲ.. Kyung Soo ရှက်နေတာပဲ.. ဟားဟားဟား.. ဒါဆိုလည်း ကိုယ်လွှတ်ပေးပါ့မယ်.."
"ဟာ.. မရှက်ပါဖူး .. မရယ်နဲ့။"
"ရှက်နေပါတယ် ဟား ဟား ဟား"

ကလေးလေးတယောက်လို အော်ကြီးဟစ်ကျယ် သူ အော်ရယ်နေသည်။.. ဘယ်လောက်တောင် အပြစ်ကင်းစင်လိုက်သလဲ။

Happily Ever AfterWhere stories live. Discover now