Monster➳ ➳ ➳ {creeping}

2.3K 152 3
                                    


ကမ္ဘာ​ပေါ်မှာ​နေထိုင်​ကြတဲ့လူ​တွေလူ​တွေအားလုံး ​နေ့တိုင်း​နေ့တိုင်း

အနည်းဆုံးတစ်​ရက်​ကို အ​ယောက်​၁၀၀၀၀၀ ကငိုတယ်

လူအ​ယောက်​၁၀၀၀၀၀ငိုတဲ့မျက်​ရည်​​တွေကို monster​တွေက စွမ်းအင်​အဖြစ်​ ရယူကြရတယ်

ငိုလို့ကျလာတဲ့မျက်​ရည်​​တွေမှာ နာကျင်​မှု​တွေ ဝမ်းနည်းမှု​တွေ ​ဒေါသ​တွေ မာန်​မာန​တွေ ပိုမိုပါဝင်​​နေခဲ့​လေ

ကျွန်​​တော့်​လို Monster​တွေအသက်​ပိုရှည်​​လေပါပဲ

လူ​တွေရဲ့ခံစားချက်​​တွေမှာအဆိုးဆုံး​တွေပါဝင်​​နေခဲ့​လေ

ကျွန်​​တော့်​လို Monster​တွေ ပိုပြီး ​နေသာထိုင်​သာရှိ​လေပါပဲ

Monsterဆိုတာ မျက်​ရည်​ကိုဖန်​တီး​ပေးရတဲ့သူပဲ​လေ

Monster➳ ➳ creeping

Monster​တွေမှာနာမည်​​တွေရှိတတ်​ကြတယ်​ ကျွန်​​တော်​က Korean Monster​လေ မျိုးရိုးနာမည်​မရှိဘူး ကျွန်​​တော့်​နာမည်​က Kyung Sooတဲ့

ဒီလို​ပြောရင်​ရယ်​မလားမသိ​ပေမယ့်​ Monsterတစ်​​ကောင်​ရဲ့ရုပ်​ရည်​သွင်​ပြင်​​ကော နာမည်​​ကော ဝတ်​ပုံစားပုံ​ကော ဘာသာစကား​ကောက သူတို့ကျက်​စားတဲ့​နေရာ​ပေါ်မူတည်​တယ်​ Monsterဆိုတာအစကတည်း​ကဖြစ်​​ပေါ်တည်​ရှိလာတာ

Devil နဲ့ Monsterကတူသ​ယောင်​​ယောင်​နဲ့ကွဲပြားပါတယ်

Monster​တွေကအကန့်​အသတ်​​တွေစည်း​တွေ​ဘောင်​​တွေကြား​နေထိုင်​ရတယ်​ အမြဲတမ်း White Noise​တွေနဲ့တိုက်​ခိုက်​ရတယ်

Devilက​လည်း လွတ်​လွတ်​လပ်​လပ်​လို့​ပြောလို့မရပြန်​ဘူး သူတို့မှာလည်း စည်း​တွေ​ဘောင်​​တွေရှိပါတယ်​ ဒါ​ပေမဲ့ Monster​လောက်​မများဘူး

Devilက အဆင့်​မြင့်​Monsterပါ Monsterတစ်​​ကောင်​ Devilဖြစ်​ဖို့အဆင်​သင့်​ဖြစ်​ရင်​ သူ့ရဲ့ရုပ်​ရည်​က ပိုမို​ချော​မောလာမယ်​ စိတ်​​တွေအာရုံ​တွေလွယ်​လွယ်​မလွင့်​ပျယ်​သွား​ဘူး အ​အေးဒဏ်​ အပူဒဏ်​ ခံနိုင်​ရည်​ရှိလာမယ်​ ခံစားချက်​​တွေကပိုပြီး ​အေးစက်​လာမယ်​ လူတစ်​​ယောက်​ဘာ​တွေး​နေလဲ ချက်​ချင်း​သိလာနိုင်​မယ်

Monster ➳ ➳ ➳ {creeping}Where stories live. Discover now