*( ဘာလည်း ? ငါကို ယုန်​​ပေါက်​စ ​ပြောလိုက်​ ကြွက်​​ပြောလိုက်​နဲ့)

"ဒီမှာ ခင်​ဗျား ဘာမှန်း​တော့ မသိ​ပေမယ့်​ ခင်​ဗျားမှာ နာမည်​ရှိသလို ကျွန်​​တော့်​မှာလည်း နာမည်​ရှိတယ်​! Shijou Iori !!!! ယုန်​​ပေါက်​စ​တွေ ကြွက်​​တွေတစ်​ခုမှမဟုတ်​ဖူး"

ကျွန်​​တော်​ မျက်​နှာ ရဲရဲနဲ့​အော်​ဟစ်​​နေမိသည်​! Aragami ရဲ့ မျက်​ခုံး​တွေမြင့်​တက်​သွားပြီး.......

"Ho.......... Shijou? မင်းက ပိုပြီးစိတ်​ဝင်​စားစရာ​ကောင်းလာတာပဲ! အဟက်​ ​ကောလဟာလ​တွေထဲက Kokonoe ရဲ့ စ​တေးခံ Shijou ​ပေါ့! ငါသိသ​လောက်​က​တော့ Kokonoe က မုန်း​လို့ ကျိန်​စာတိုက်​တာဆို ဘာလို့မင်းဆီမှာ အကာအကွယ်​ မန္တာန်​ရှိ​နေရတာလည်း?"

Aragami က ​တွေး​တွေးဆဆ ​ရေရွတ်​​နေသည်​!

*( အကာအကွယ်​မန္တာန်​!? )

ကျွန်​​တော်​​ခြေချင်းဝတ်​ဆီက ​နွေး​ထွေးမှုကို ပြန်​သတိရမိသည်​!

"ဟင်း ဟင်း ပိုပြီး ပိုပြီး စိတ်​ဝင်​စားစရာ​ကောင်းလာတာ​ပေါ့ Iori! "

Aragami က​ပြောရင်း တလှမ်းချင်းတိုးကပ်​လာသည်​! သူ့နှုတ်​က ကျွန်​​တော်​ကို Iori လို့​ခေါ်တာ ကျွန်​​တော်​သ​ဘောမကျဘူး! ကျွန်​​တော်​ကုတင်​​ပေါ်မှ နံရံဖက်​ကို တဖြည်းဖြည်းတိုးကပ်​လိုက်​သည်​!

*( အကာအကွယ်​ မန္တာန်​! Kokonoe sama!!!!)

ကျွန်​​တော်​ စိတ်​ထဲက တိုးတိုး​ရေရွတ်​ရင်း ​ခြေချင်းဝတ်​ကို ပွတ်​သတ်​​နေမိသည်​!

"Ahak~ အပိုပဲ Iori ! မင်း Kokono sama ရဲ့ အကာအကွယ်​ မန္တာန်​က ပျယ်​သွားပြီ! မင်းက သူ့ ပိုက်​နက်​ထဲမှာ မဟုတ်​​တော့​တော့ ကြာရှည်​ဘယ်​ခံမလည်းကွ! "

*Shock*

ကျွန်​​တော်​ရဲ့ တစ်​ခုထဲ​သော​မျှော်​လင့်​ချက်​က​လေးက ဖ​ယောင်းတိုင်​မီးလို ဟုတ်​ခနဲ ငြိမ်းသွားတယ်​!
Aragami က ကုတင်​​ပေါ်​ခြေတဖက်​တင်​ထိုင်​လိုက်​ရင်း ကျွန်​​တော်​ ပါးတစ်​ဖက်​ကို အသာပွတ်​သတ်​လိုက်​သည်​!

*(ဟင့်​အင်း Kokonoe sama ကယ်​ပါ)*
မျှော်​လင့်​ချက်​မရှိ​ပေမယ့်​ ကျွန်​​တော်​ ​တောင့်​တမိတယ်​!

Love LegendWhere stories live. Discover now