"Kokonoe sama ထင်​သလိုမဟုတ်​ပါဘူး! ကျွန်​​တော်​တို့ Shijou မိသားစုမှာ သမီးမိန်းက​လေး ​မွေးမလာလို့ပါ! စ​တေးခံဖို့ ကျွန်​​တော်​ကလွဲလို့မရှိလို့ပါ ! ​Kokonoe sama ကို စိတ်​ပျက်​​စေတဲ့အတွက်​ ခွင့်​လွှတ်​ပါ!"

ကျွန်​​တော်​ တတ်​နိုင်​သ​လောက်​ ရှင်းပြပြီး​တောင်းပန်​​နေမိတယ်​!

"မင်း​ပြောတာ​တွေ အမှန်​လား လိမ်​တာလား ငါစမ်းသပ်​ရအုံးမယ်​"

Kokonoe sama က ​တော်​ယုံနဲ့ ယုံကြည့်​မယ့်​ပုံမ​ပေါ်!

"စမ်းသပ်​မယ်​? ဘယ်​လို........"

ကျွန်​​တော့်​စကားတို့ မဆုံးခင်​ Kokonoe sama က ကျွန်​​တော်​​မေးဖျားကို ပိုပြီး ဆွဲပင့်​ယူလိုက်​တယ်​! ​မျက်​နှာခြင်းပို၍နီးကပ်​သွားခြင်း​ကြောင့်​ ကျွန်​​တော်​ ​​နေရခက်​စွာ အကြည့်​တို့လွဲလိုက်​မိတယ်​!

"ငါ့မျက်​လုံးကို တည့်​တည့်​ကြည့်​စမ်း shijou ​ကောင်​​လေး"

အေးစက်​စက်​ အမိန့်​သံ​ကြောင့်​ ကျွန်​​တော်​ နှလုံးက အပြင်​ကို ခုန်​ထွက်​သွားမတတ်​ပဲ!

"hump ​ပျော့ညံ့လိုက်​တာ မင်းကို ငါမစားပါဘူး "
"........."

ကျွန်​​တော့မျက်​နှာ​နွေးခနဲပူသွားသည်​! Kokonoe sama က ကျွန်​​တော့်​စိတ်​ကို ဖတ်​​နေသလား? Kokonoe sama ရဲ့ သူငယ်​အိမ်​ ကျဉ်းရှည်​ရှည်​ မျက်​လုံးတို့က ကျွန်​​တော့်​မျက်​လုံး ဝိုင်းဝိုင်းထဲ အ​ဖြေတစ်​ခုရှာ​နေသလို.......

"မင်းမလိမ်​တဲ့အတွက်​ မင်းကို အသက်​ရှင်​ခွင့်​ပြုလိုက်​မယ်​ ဒါ ငါ Shijou ​တွေကို ခွင့်​လွှတ်​လိုက်​တာ​တော့ မဟုတ်​​သေးဘူး​နော်​ "
လှည့်​ထွက်​သွားတဲ့ Kokonoe sama ရဲ့ ​ငွေ​ရောင်​ဆံနွယ်​ရှည်​​တွေနဲ့ အပြာနု​ရောင်​ ကီမိုနို တို့က အပြာ​ရောင်​ မီး​တောက်​က​လေး​တွေ​အောက်​မှာ လွင့်​ဝဲလို့​နေသည်​!

"Kokonoe sama !!!!! "
"Kokonoe sama!!!!!!!!!!!!"

ကျွန်​​တော်​ ပင်​ပန်း​မောဟိုက်​စွာ လန့်​နိုးလာသည်​! အလန့်​တကြားကြည့်​မိ​တော့ ​စော​စောက ကျွန်​​တော်​အိပ်​​ပျော်​သွားခဲ့တဲ့ အခန်းထဲမှာပဲဖြစ်​​နေတယ်​! အခန်း​ထောင့်​​တွေမှာလည်း ဘာ အပြာ​ရောင်​မီး​တောက်​​တွေမှရှိမ​နေသလို မနက်​ရဲ့​နေ​ရောင်​ခြည်​နုနုက ပြတင်းကိုဖြတ်​ပြီးအခန်းထဲကို တိုးဝင်​လို့​နေသည်​!

Love LegendWhere stories live. Discover now