Chapter 2

23.6K 2.3K 8
                                    

Zawgyi Version

မြေပြင်​ပေါ် ပြန့်​ကျဲ​နေသည့်​ သစ်​ရွက်​​ခြောက်​တို့​ကြောင့်​ ကျွန်​​တော့်​​ခြေသံက ပို၍ကျယ်​​နေသ​ယောင်​! ဒရွတ်​ဆွဲ​နေသည့်​ ဝတ်​ရုံရှည်​ကိုမရင်း ​ရှေ့သို့ဦးတည်​​လျှောက်​လာခဲ့သည်​! ထို​နေရာ ....​တောအုပ်​တစ်​ခုသဖွယ်​ ဒီ​နေရာက ဘယ်​​အတိုင်းအတာ တစ်​ခု အထိကျယ်​ဝန်းနို​င်​လည်း ခန့်​မှန်းမရ​ပေ! နားထဲမှာ ​ရေစီးသံလိုကြားရတဲ့အတွက်​ ​ချောင်းငယ်​ သို့မဟုတ်​ မြစ်​​ပေါက်​စ တစ်​ခု​လောက်​​တော့ ရှိ​နေနိုင်​​သေးသည်​! ကျန်​ရှိ​နေတဲ့ ကျွန်​​တော့်​ဘဝတစ်​​လျောက်​လုံး ဒီ​နေရာကို စူးစမ်းရင်းပဲ ကုန်​ဆုံးရ​တော့မှာ​ပေါ့! ​ခြေလှမ်းကို ရပ်​တန့်​လိုက်​ရင်း ​ရှေ့ကို လှမ်း​မျှော်​ကြည့်​လိုက်​သည်​ ! ဟို အ​ရှေ့ဆီမှာ လှမ်းမြင်​​နေရတဲ့ အ​ဆောက်​အဦး တစ်​ခု ! ဦးကြီး​ပြောတဲ့ စကားက နားထဲပြန်​ကြား​ယောင်​မိသည်​ !

"ခန်းမကျယ်​ကိုဖြတ်​ပြီး ဘယ်​ဖက်​ချိုး ပထမဆုံး​တွေ့တဲ့ အခန်း! "

ခြေလှမ်းတို့က အ​ဆောက်​အဦးဆီသို့!

*ရှပ်​ ရှပ်​ ရှပ်​*

ကျွန်​​တော်​ ​ခြေသံ​တွေအပြင်​ ​ခြေသံအချို့ပို​နေသလို?

*ရှပ်​ ရှပ်​ ရှပ်​*

ရုတ်​တရက်​ ကျွန်​​တော်​​ခြေလှမ်းတို့ကို ရပ်​တန့်​ပစ်​လိုက်​သည်​! ပတ်​ဝန်းကျင်​က သစ်​ရွက်​​လေတိုးသံတို့အပြင်​ တိတ်​ဆိတ်​လို့​နေတယ်​! ကျွန်​​တော်​ ​ခြေလှမ်းစတင်​ ပြန်​လှမ်းလိုက်​သည်​!

*ရှပ်​ ရှပ်​ ရှပ်​*

ကျွန်​​တော်​ ​နောက်​​ကျောဆီမှ ကြားလိုက်​ရတဲ့​ခြေသံအချို့.......!
ဗြုန်းကနဲ ​နောက်​ကိုလှည့်​ကြည့်​လိုက်​တယ်​!

*ဝှီး ဝှီး ဝှီး*

လေကြမ်းကြမ်းဖြတ်​တိုက်​မှု​ကြောင့်​ ကျွန်​​တော်​မျက်​လုံးများကို မှိတ်​ထားလိုက်​တယ်​! ​လေ​နောက်​လွင့်​ဝဲ​နေ​သော ဝတ်​ရုံရှည်​ကို ဖိထားရင်းနဲ့ မျက်​လုံးကို ​ဖြေးညှင်းစွာဖွင့်​ကြည့်​လိုက်​​တော့ ......... !
ကျွန်​​တော့်​​ရှေ့မှာ ဘယ်​သူမှရှိမ​နေပါ! ကျွန်​​တော်​မြင်​​နေရတာ ​လေတိုက်​လို့ ယိမ်းထိုး​နေတဲ့ သစ်​ပင်​တစ်​ချို့........ဒါ​ပေမယ့်​....

Love LegendWhere stories live. Discover now