You're my everything

2K 155 10
                                    

ချစ်​​ရေ..စိတ်​ချပါ။ ကိုယ်​တို့ ဟန်းနီးမွန်း အဖြစ်​ ရည်​ရွယ်​ခဲ့တဲ့ ဒီခရီးမှာ ချစ်​ ကိုယ်​နဲ့တူတူ မပါလာနိုင်​​တော့​ပေမယ့်​ ကိုယ်​ ချစ်​ရဲ့​နောက်​ဆုံးဆန္ဒအရ တ​ယောက်​တည်းလည်း ​ပျော်​​အောင်​​နေနိုင်​ဖို့ ကြိုးစားပါ့မယ်​..

လေယာဉ်​မယ်​​လေး ပြ​ပေးတဲ့ခုံ​မှာ ဝင်​ထိုင်​လိုက်​ပီး​တော့ Sehun စိတ်​တို့က လက်​ထပ်​ဖို့ရည်​ရွယ်​ထားပီးမှ ​​သေဆုံးသွားခဲ့တဲ့ သူ့ချစ်​သူကို သတိရလို့ မျက်​ရည်​​တွေ ဖြိုင်​ဖြိုင်​ကျလာ​လေတယ်​..

" ဟာ !! ​ဟေ့လူကြီး..မငိုနဲ့​လေ.အ​ဖော်​မပါဘူးလား..ဘာမှမဖြစ်​ပါဖူး! မ​ကြောက်​နဲ့.."

မျက်​ရည်​​တွေကျဆင်းလာတာမို့ တိတ်​လိုတိတ်​ငြား မျက်​လုံးမှိတ်​လိုက်​မိမှ အသံစူးစူး​လေးတသံကို ကြားလိုက်​ရတယ်​။
ဦးထုပ်​ကို​နောက်​ပြန်​​ဆောင်းလို့ စပို့ရှပ်​အပြာ​လေးနဲ့ ဝက်​ဝံရုပ်​​လေးပိုက်​ထားတဲ့ ​ကောင်​​လေးက သူ့နှုတ်​ခမ်းထူထူ​လေး​တွေကို ​ထော်​​ကာ​ထော်​ကာနဲ့ ​ပြော​နေတယ်​။ ပီး​တော့ သူ့​ဘေးခုံကို ဝင်​ထိုင်​လိုက်​တယ်​။

" တခါမှ ​လေယာဉ်​မစီးဖူးဘဲ ဘာလို့တ​ယောက်​တည်း လာရတာလဲ! ဒါမယ့်​ စိတ်​မပူပါနဲ့  ​လေယာဉ်​စထွက်​ပီဆိုတာနဲ့ ကျ​နော့်​လက်​ကို ကိုင်​ထားလို့ရတယ်​..မငိုနဲ့​တော့​နော်​ !! "

ဘယ်​လို​ကောင်​​လေးပါလိမ့်​~~ ခုမှ​တွေ့ဖူးတဲ့သူကို ငယ်​​ပေါင်းကြီး​ဖော်​လို ​စေတနာထား​နေလိုက်​တာ..

" ရတယ်​..က​လေး! ကိုယ်​ ဘာမှမဖြစ်ဖူး ​ကျေးဇူး.."

ပြောပီး အိပ်​ဖို့ မျက်​လုံးမှိတ်​လိုက်​​တော့

" ​ရော့ " ဆိုတဲ့ အသံနဲ့အတူ သူ့လက်​ထဲကို ​ရောက်​ရှိလာတဲ့ ​ကောင်​​လေးရဲ့ Teddy bear​လေး..

" အိပ်​မို့မလား..အရုပ်​ဖက်​အိပ်​​လေ "

" အာ..​ကျေးဇူးပါ..ဒါမယ့်​ ကိုယ်​က အရုပ်​မကြိုက်​ဖူး "

" အင်း​လေ..တခုခုလိုအပ်​ရင်​ ကျ​နော့်​ကို​ပြော​နော်​.."

You've reached the end of published parts.

⏰ Last updated: Sep 04, 2016 ⏰

Add this story to your Library to get notified about new parts!

You're my everythingWhere stories live. Discover now