"ဟဲ့... သား~! Kookie အဲ့လိုမ​ပြောရဘူး​လေ!...လာ Omma တို့ပြန်​ကြမယ်​"

Kookie ဆိုတဲ့ က​လေး​ခေါင်းကိုဖွဖွ​လေးထုရင်း
အားနာတဲ့မျက်လုံး​​​​တွေနဲ့ သူ့တို့ကို ကြည့်​ပြီး က​လေးကိုဆွဲ​ခေါ်ကာ ထွက်​သွား​လေတယ်​...

ဒါ​တောင်​ က​လေး​လေးကမ​ကျေနပ်​​သေး သူတို့နှစ်​ကို လှည့်​လှည့်​ကြည့်​ရင်း သူ့အ​မေ​ခေါ်တဲ့​နောက်​ တရွတ်​တိုက်​ပါသွားရှာတယ်​...။

ကျန်​ခဲ့တဲ့ သူတို့နှစ်​​ယောက်​က​တော့ ​ကြောင်​​တောင်​​တောင်​ဖြစ်​ကျန်​​နေတုန်း...။

Yifan ရဲ့ စိ​တ်​ထဲကလဲ Kookieဆိုတဲ့​ကောင်​​လေးကို​ပြောလိုက်​ပါတယ်​...

"သာသနာဖျက်​​လေး" ဆိုပြီးကျိမ်​ဆဲရင်း

လည်​ပင်းကို လက်​ဖြင့်​ပွတ်​ပြီး Junmyeon ကိုကြည့်​လိုက်​​တော့ ​ခေါင်းကြီးငုံပြီး မျက်​လွှာ​အောက်​ချထား​လေတယ်​...

အင်း​လေ...သူလဲရှက်​မှာ​ပေါ့...

"ဟို...ဟို သွား... သွားကြရ​အောင်​​လေ..."

ဆိုကာ ကျန်​​သေးတဲ့ ငါး​တွေကို​တောင်​ မကြည့်​​တော့ဘဲ ထွက်​​ပေါက်​သို့ အ​ပြေးတပိုင်းထွက်​သွား​လေတယ်

Yifan လဲ​ ပြုံးစိစိနဲ့ Junmyeon ​နောက်​​ကို အမှီလိုက်​ပါ​လေတယ်​...။

*****************

သူတို့နှစ်​​ယောက်​ မြုံစိစိနဲ့ ပန်းခြံဝင်းထဲသို့ ​ဘေးခြင်းကပ်​ ​လျှောက်​လာလိုက်​သည်​...။

နှစ်​​ယောက်​စလုံး ဘယ်​ကဘယ်​လိုစလို့ ဘယ်​သူအရင်​စ​ပြောရမှန်းမသိ... ​ဘေးချင်းကပ်​လျက်​သာ ​ခြေဦးတည့်​ရာ ​လျှောက်​​နေမိတယ်​...။

တခါတခါ​လျှောက်​လှမ်းတိုင်း သူတို့နှစ်​​ယောက်​ရဲ့ လက်​ခုံဖမိုးနှစ်​ခုက တချက်​ချက်​ထိကပ်​သွားသည်​...

ချစ်​သူရည်​စားဆိုတာ လမ်း​လျှောက်​တဲ့အခါ လက်​တွဲ​လျှောက်ကြ​ရတယ်​မဟုတ်​လား???

အဟမ်း~!

Yifanလုပ်​​ချောင်းဟန့်​လိုက်​ပြီး... မသိမသာ​လေး သူ့လက်​​ချောင်း​နဲ့ Junmyeon လက်​ကိုမထိတထိတို့လိုက်​သည်​...

Dragon's Little BunnyWhere stories live. Discover now