9. စိုးရိမ်​​စေတတ်​​သော !

600 79 0
                                    

 9.

သူမပျောက်ဆုံးနေတဲ့ တဒင်္ဂတွေကို နင်းလျောက်ရတာ…..

ကောင်းကင်ကြီးက ကြယ်လေးတွေကို လွမ်းရသလိုပါပဲ…..

ခမ်လှမ်းလှမ်းမှာ ရှိနေပေမဲ့……..

နမ်းရှိုက်ခွင့်ကို မျိုသိပ်ထားရဦးမယ်………..။

 
================================

ဒီနေ့ LUကို အိမ်ကို လိုက်ခဲ့ဖို့ ဖျောင်းဖျရမည်….။ LU ဘက်က အဆင်ပြေရင် ချက်ချင်းကို ခေါ်သွားလိုက်ချင်တာ ….။

“ဟဲ့ ဖန်ချောင်းညီအကို ဘယ်လဲ…”

 “ကန်တင်း….လိုက်မလား”

 “အေး…ငါ LU ကို စောင့်လိုက်ဦးမယ်…..သူလာရင်တော့ လိုက်ခဲ့ပါ့မယ်..”

SB အမြွှာ ထွက်သွားတော့ အတန်းထဲမှာပဲ ကျွန်တော် ကဗျာစာအုပ်တစ်အုပ် ထုတ်ဖတ်နေလိုက်သည်…။

အတန်းက ၁၀ နာရီမှ ရှိတယ်။ LU ကို စောစောလာဖို့ မှာခဲ့ရဲ့သားနဲ့ ဘာလို့ နောက်ကျနေတာလဲ…။

နာရီဝက်….

လေးဆယ့်ငါးမိနစ်………။

၉နာရီခွဲပြီ..။မဟုတ်သေးပါဘူး….။ စောစော မချိန်းရင်တောင်မှ အတန်းမစခင် အစောကြီး ကြိုရောက်နေတတ်တဲ့LU က ဒီနေ့မျ ဘာလို့ နောက်ကျနေရတာလဲ …။

ဘောင်းဘီ အိတ်ကပ်ထဲက ဖုန်းကို ထုတ်ပြီး LU နံပါတ်ကို ကောက်နှိပ်လိုက်သည်..။

 “ဟဲလို…”

“ဟဲလို…………….အန်တီ…………ကျွန်တော် KRIS WU ပါ …..LUHAN ရှိလား အန်တီ…”

“အော်………….သား KRIS……သားလေး ကျောင်းသွားတယ်…….၈နာရီလောက်ကတည်းက ထွက်သွးတာ”

 “အော်.ဟုတ်…..ဟုတ် အန်တီ.”

LU ထွက်သွားတာ ကြာပြီတဲ့..။ SB အမြွှာရှိရာ ကန်တင်းကို လိုက်မယ်ကြံတော့……….သကောင့်သားနှစ်ယောက်က ပြန်တောင်လာပေါ့………။

 “ဟေ့……….ဟေ့……….SOO….LU ကို မတွေ့မိဘူးလား..”

His ADJECTIVES !Where stories live. Discover now