" ကျွန်တော် ချစ်တဲ့ လူကြီး "
"မင်းတို့ အသုံးကျတာ ဘယ်နေရာ ရှိလဲ !! "
"..... "
" သွား ခု ချက်ချင်း ရအောင် ရှာ !! "
အကြောင်းကား နန်းတော် ထဲက ငမွှေစိန် တယောက် ပျောက်သွားခြင်း ။
တခြားမဟုတ် အငယ်ဆုံး မင်းသားလေး Xiao Luhan....
အငယ်ဆုံးပီပီ နန်းတော်ကြီးကို ဇောက်ထိုး လုပ်ချင်သူ ။
နန်းတော်တခုလုံး အလို လိုက်ထားရသည်... သူကြောက်တာ တယောက်မှ မရှိ .....
မပေါ်သေးဘူး ~ ဘယ်တော့မှလည်း ပေါ်လာမှာ မဟုတ်ဘူး ...
Xiao luhan ကြောက်တဲ့လူ ပေါ်လာမှာ မဟုတ်ဘူး .......
×××××××××××××
အကြံဥာဏ် ထုတ်စမ်း !! ရွှေဥာဏ်တော် စူးရှထက်မြက်တဲ့ ခေါင်းက !!
ဈေးထဲမှာလည်း လူတေက ပြည့်ကျပ်နေမှာ !~
နန်းတော် အဝတ်အစား နဲ့သာ သွားရင် နန်းတော်ထဲကမှန်း လူတေ သိကုန်မှာကို ကြိုမြင်၍ အရပ်သား အဝတိအစား လဲပီးသား !
ငါကွ XiaoLuhan ..
#ဘုတ်
တံတိုင်းပေါ်က XiaoLuhan ရဲ့ ခုန်ဆင်းတဲ့ အသံ ~
အားပါးပါး နာလိုက်တာ !
လက်တွေ တံတောင်တွေ ပွန်းပဲ့ကုန်ဘီ ! ဟင့် !
"ဒီနားက လွဲပီး သူ သွားတတ်မှာ မဟုတ်ဘူးကွ !"
"မင်းက ဟိုဘက် ရှာ. ငါ ဒီနားမှာ အရိပ်အခြေ ကြည့်နေမယ် ! "
သိတယ် သိတယ် !! ဒါ ခမည်းတော်ရဲ့ အခိုင်းအစေတွေ
ကြားရတာတောင် ကြက်သီးထပါဘိ !
"ဟိတ်ကောင်လေး ! ဘာထိုင်လုပ်နေတာလဲ ! "
ငါ့ကိုများ ! ရာရာစစ ! တယ် လုပ်လိုက်ရ !!
luhan ပွန်းသွားတဲ့ လက်လေးကို တဖက်က ကိုင်နေကာ ရှုံ့မဲ့မဲ့ဖြင့်
နောက် လှည့်ကြည့်လိုက်သည် ~အယ် ! ချောလိုက်တာနော် ....
"ဟင့် ! ~ lu. ဒဏ်ရာ ရထားတယ် ! "