☆Once in a Life Time☆ [Tiffany]

486 41 3
                                    

Ooo ~~~ Ooo ~~~
ဘာမှ ထပ်ပြီး မယုံကြည် ချင်ခဲ့ ပါလေ...
မြောက်မြားလှတဲ့ တွေ့ဆုံမှုနဲ့ အလိမ်အညာတွေ....
အံ့အားသင့်စရာ မတော်တဆမှု ဖြစ်ခဲ့...
အဲ့အရာက ငါ့ကိုပဲ ပြောင်းလဲစေခဲ့တာ...
ပထမဆုံးအတွက် အချစ်ဆိုတာ စတင်ခဲ့သလို...

ခက်ခဲ ကြမ်းတမ်းတဲ့ အချိန်တွေ ကျော်ဖြတ်ကာ...
(အကြောက်တရားတွေ မရှိဘဲ...)
အခု မင်းရဲ့ ဖက်တွယ်မှု ကြားမှာ ငါအိပ်စက်ချင်တယ်...

▪▪▪ You are my...once in a Life Time...
နက်ရှိုင်းပြီး ကျယ်ပြန့်တဲ့ ပင်လယ်ပြင်...
ငါ အသက်ရှူ နေစဉ်...
မဟုတ်ဘူး အသက်ရှူပြီးတောင်...
ငါ့ ဘေးမှာ ရှိပေးပါ...
You are my...
You are my...once in a Life Time...▪▪▪

¤•¤•¤•¤•¤•¤•¤•¤•¤•¤•¤•¤•¤•¤•¤•¤•¤•¤•¤

အစတော့ ဆန္ဒကို ဖုံးကွယ်ဖို့ ငြင်းဆန်ခဲ့ဖူးတယ်...
ငါတို့ ကြားမှာ ကွာခြားချက်တွေ များခဲ့တာမို့...
ငါတို့ကို တစတစ ချည်နှောင် ပေးတဲ့ ...
စွမ်းအားတွေ အတွက် ငါကျေးဇူးတင်မိ...
ဘယ်သူမှ ငါတို့ကို ခွဲလို့ ရမယ် မထင်ဘူး...

မရေမတွက်နိုင်အောင် ဝေးကွာလှတဲ့ အနာဂတ်မှာ နေ့ရက်တွေ...
(အချိန်အကြာကြီး ပြီးရင်တောင်...)
အခု ဖြစ်တဲ့ ခံစားချက်နဲ့ နှလုံးသားတော့ ကျန်မှာပေါ့...

▪▪▪ You are my...once in a Life Time...
နွေးထွေးတဲ့ လေညှင်းလေး...
ငါ အသက်ရှူ နေစဉ်...
မဟုတ်ဘူး အသက်ရှူပြီးတောင်...
ငါ့ ဘေးမှာ ရှိပေးပါ...
You are my...
You are my...once in a Life Time...▪▪▪

တောက်ပတဲ့...အလင်းလေး...
ငါ့အပေါ်ဖြာကျနေတာ မင်းလေးပဲ...
ခြောက်သွေ့တဲ့ နှလုံးသားလေးတစ်ခုကို...
ပန်းလေးတွေ ဖူးပွင့်စေ...

▪▪▪ You are my...once in a Life Time...
ကျယ်ပြန့်ပြီး ကြီးမားတဲ့ စကြာဝဠာ...
ငါ့ကို နိုးထစေပါ...
ငါပြုံးနိုင်အောင် ထပ်လုပ်ပေးပါဦး...
တစ်ခုသော တစ်ဦးတည်းသူလေး...
You are my...
You are my...once in a Life Time...
Once in a Life Time...▪▪▪

☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

Thanks for reading all my friends ♡♡♡

SNSD *solo* Songs Lyrics [Myanmar Ver.]Where stories live. Discover now