Momoi စကားမဆုံးခင်​ ပုံရိပ်​က လွယ်​အိတ်​​ကောက်​ဆွဲပြီး ကျွန်​​တော်​ရပ်​​နေတဲ့ဖက်​ကို ဗြုန်းကနဲထွက်​လာတယ်​!

"အဲ.....ဟို...."

ရုတ်​တရက်​ ကျွန်​​တော်​ ဘယ်​​ပြေးပုန်းရမှန်းမသိဖြစ်​သွားပြီး ကျွန်​​တော်​ ​ခြေ​ထောက်​​တွေ ထုံ​နေတယ်​!

"ဟမ်​? Kise!"
"y...yo~ Aomine chii"

**အသံ​တွေတုန်​နေလား !? ထိန်းထားစမ်းပါ Kise ! မင်းမဟုတ်​တဲ့ အတိုင်းပဲ!**

အ​တွေးထဲမှာ အတင်းအကြပ်​ ကိုယ့်​ကိုကိုယ်​ပြန်​ကြပ်​မတ်​​နေရစဉ်​ ပုံရိပ်​က ကျွန်​​တော်​ဆီ ​လျှောက်​လာတယ်​! ကျွန်​​တော့်​ နားမှာ အချိန်​တိုင်း ဝိုင်းဝိုင်းလည်​​နေခဲ့တဲ့ မိန်းက​လေးအားလုံးကို အပြုံးတု​တွေနဲ့ ကျွန်​​တော့်​ ရင်​ထဲ ဝင်​မလာ​အောင်​ထိန်းထားနိုင်​​ပေမယ့်​ အခုပုံရိပ်​ကို​တော့ ကျွန်​​တော်​ မတားဆီးနိုင်​ဘူး! သူဟာ ဂရိစစ်​သည်​​တွေလို ကျွန်​​တော်​မသိလိုက်​ချိန်​မှာပဲ ကျွန်​​တော်​ နှလုံးသားထဲ ​ရောက်​နှင့်​ကာ ကျွန်​​တော့်​အင်​ပါယာကို သိမ်းယူခဲ့ပြီးပြီ​လေ.....

"ဘာလုပ်​​နေတာလည်း ဒီမှာ"

Aomineက မျက်​​မှောင်​ကြုပ်​ ခါးတစ်​ဖက်​​ထောက်​ကာ ဘက်​စကက်​​ဘောလုံးနဲ့ လွယ်​အိတ်​ကို တဖက်​မှာကိုင်​ထားရင်း ​မေးတယ်​!

"အဲ.....စတူဒီယိုက ပြန်​လာတာ​လေ "
"​သြော်​ "
"ahhhhhh Kise kun !!!!! Dai chan ကို ဖမ်းထား​ပေးစမ်းပါ !!! သူ့ကို ​ကျောင်း​ခေါ်သွားမလို့!!!!!"
"*tsk*"
"အယ်​~ "

Momoi က ကျွန်​​တော်​တို့ဆီ​ပြေးလာပြီး ​အော်​​ပြောတဲ့​နောက်​ ပုံရိပ်​က ကျွန်​​တော့်​လက်​ကိုဆွဲပြီး အသားကုန်​​ပြေး​တော့တာ!

"A...Aomine chiii!!! ဘယ်​ကို..."
"မရှည်​နဲ့ !!!"

ကျွန်​​တော်​ဟာ ပုံရိပ်​ဆွဲ​ခေါ်ရာ လိုက်​​ပြေး​နေတဲ့ အချိန်​ Momoi က ​အော်​ဟစ်​ရင်း ကျန်​​နေခဲ့တယ်​!

*********************************************

ကျွန်​​တော်​တို့ ​ကော်​ဖီဆိုင်ထဲ ထိုင်​ရင်း ​ပြေးလာသမျှ အ​မော​ဖြေ​နေတုန်း Aomineက ဘာဂါတစ်​ခုကို အားသွန်​ခွန်​စိုက်​စား​နေသည်​!

My Achilles~Where stories live. Discover now