ဒါ​တွေကို ခွဲခြားပြီး ကျွန်​​တော်​ မ​ဝေခွဲ မဆုံးဖြတ်​တတ်​​ပေမယ့်​.......

*ဘုတ်​ ဘုတ်​ ဘုတ်​*

အဲ့ဒီ့ ဘက်​စကက်​​ဘောလုံးနဲ့ ​မြေကြီး ထိလို့ ထွက်​လာတဲ့ စီးချက်​ညီညီအသံ​တွေ......

ဖိနပ်​နဲ့ ကွန်​ကရစ်​ ပွတ်​တိုက်​လို့ထွက်​လာတဲ့ အသံ​တွေ......

လေထုထဲက တိုးသဲ့သဲ့ အသက်​ရှုသံပြင်းပြင်း​​တွေ.......နဲ့

ကျွန်​​တော်​ ​ခြေလှမ်း​တွေ ​ကျောက်​ချသွားပြီး ကျွန်​​တော့်​မျက်​လုံး​တွေ ​မခွဲနိုင်​မခွာရက်​ဖြစ်​တဲ့ အများပိုင်​ လမ်း​ဘေး ဘက်​စကက်​ကွင်း​လေးထဲက ပုံရိပ်​တစ်​ခုဆီ...အဲ့ဒီ့ပုံရိပ်​ဆီ ထားရှိတဲ့ ကျွန်​​တော့်​အချစ်​က​တော့.....မဖြစ်​နိုင်​တဲ့ အချစ်​ !

ပုံရိပ်​က တချက်​ခုန်​လိုက်​တိုင်း ကျွန်​​တော့်​ရင်​ထဲ လှိုက်​ခနဲ.....သူ့ရဲ့ ​ခြေ​ထောက်​တစုံ ​မြေပြင်​​ပေါ်ပြန်​အကျမှာ ကျွန်​​တော့်​နှလုံးသားက ဒူး​ထောက်​ချင်​လာတယ်​! ဝင်​သွားတဲ့ ဘက်​စကက်​​ဘောလုံးကို ကြည့်​ရင်း ခါး​ထောက်​ပြီး ​ကျေနပ်​သ​ယောင်​ နှုတ်​ခမ်း​ထောင့်​စွန်း​လေး ​ကွေး​သွား​တော့ ကျွန်​​တော်​ နှလုံးသား ထရိုင်​မြို့ကြီးလည်း ဂရိလက်​​အောက်​မှာ ကျဆုံးသွား​တော့တာပဲ!

"Dai chan! Dai chan အရမ်းမိုက်​တာပဲ အရင်​ထက်​ပိုမြန်​လာတယ်​! ​ရော့.....​ရေဘူး! "

Momoi ကမ်း​ပေးတဲ့ ​ရေဘူးကို Aomine လှမ်းယူလိုက်​တယ်​ !

"​လေ့ကျင့်​ကွင်းကို​တော့ မှန်​မှန်​လာပါ Dai chan ရယ်​! Dai chan က ​တော်​တယ်​ဆို​ပေမယ့်​ အသင်းသား​တွေနဲ့ အတူတူ...."
"*tsk* နားငြီးတယ်​ "

ကျွန်​​တော်​ လှမ်းမြင်​​နေရဆဲ ပုံရိပ်​က အနည်းငယ်​ မလိုမကျဟန်​ဖြစ်​လို့​နေ​သည်​! သူ့​ဘေးနားက ချစ်​စရာ ပန်း​ရောင်​ဆံပင်​ရှည်​​လေးနဲ့ ​ကောင်​မ​လေး Momoi က​တော့ ​ပုံရိပ်​ကို ​လေ့ကျင့်​ခန်းဆင်းဖို့ အတင်း​ပြော​နေတယ်​!

"Dai chan မနက်​ဖြန်​​လေ့ကျင့်​ကွင်း....! အာ....Dai chan !!!!! Dai chan !!! Dai channnnnnnn~"

My Achilles~Where stories live. Discover now