လူက နဂိုကတည်းကအ​ဝေးက သူကို မြန်​ရင်​​တောင်​ ရင်​ထဲဖိုးသိုးဖက်​သပ်​ဖစ်​​နေတာ :3

အမြဲတမ်း ​တွေ့လိုက်​ရင်​ထိတ်​တိုက်​ -_-

ဟိုကလဲ အမြဲရုပ်​တည်​ကြီးနဲ့ဆို​တော့ လူက အနားကပ်​ဖို့မ​ပြောနဲ့ အရိပ်​မြင်​ရင်​​တောင်​ ဒူး​တွေ​ချောင်​ကုန်​တာ -.-

ကျား​ရှေ့​​မှောက်​လျက်​လဲ ဆိုတာ ဒါမျိုးလား!! :3

ကိုယ့်​အ​တွေးနဲ့ကိုယ်​ ပတ်​လည်​ရိုက်​​နေရင်း... Yifan က သူ့ကို လက်​ညိုးထိုးပြီး​ပြော​လေ​တော့

"မင်း!!!! ဟိုတစ်​​ယောက်​-"

Yifan စကားမဆုံး​သေး

"​တော..​​တောင်းပန်​ပါတယ်​ Sunbae ကျွန်​​တော်​မမြင်​လို့..... ခ..ခွင့်​ပြုပါဦး"

သူဖျက်​​ပြောလိုက်​ရင်း 90° bow လုပ်​ရင်း ထလစ်​ဖို့ပြင်​လိုက်​သည်​....

ဒါ​မဲ့ ကံဆိုးသူ ​မောင်​ Junmyeon....

"Yah! ဘယ်​လစ်​မလို့တုန်း ....! လာခဲ့"

ဆိုကာ ထ​ပြေး​တော့မယ့်​ Junmyeonလက်​​မောင်းရင်းကို ခပ်​တင်းတင်းဆွဲကိုင်​ရင်း ...

စာမသင်​တဲ့ ​နေရာလွတ်​ အခန်းထဲကို ဦးတည်​လိုက်​တယ်

အ​နောက်​က Junmyeon က​တော့ ယက်​ကန်​ယက်​ကန်​နဲ့ ပါလာ​လေရဲ့...။

××× ××× ××× ×××

အခုတ​လော ဒီယုန်​​ပေါက်​ ​တော်​​တော်​ထူးဆန်း​နေသည်

အရင်​ကသတိမထားမိ​ပေမယ့်​ ဒီရက်​ပိုင်းအတွင်း ယုန်​​ပေါက်​ကို လျှပ်​တပြတ်​​တွေ့ရတတ်​သည်​....

လျှပ်​တပြတ်​​?? ဟုတ်​ပါတယ်​ လျှပ်​တပြတ်​...

ပထမတစ်​ခါတုန်းက သူ့​ဘောလုံးနဲ့ ပစ်​မိသွားတုန်း ကူညီ​ပေးရင်း စကား​တောင်​မ​ပြောရ​သေးဘူး ချက်​ချင်းလစ်​ထွက်​သွားတယ်​...

ဒါမဲ့ သူ လျစ်​လျူရှုမိတယ်​...

နောက်​​တော့ သူ အားကစားလုပ်​​နေတဲ့အခါမျိုးမှာ တစ်​​ယောက်​​ယောက်​ကြည့်​​နေသလိုခံစားမိရင်း ​ဘေးပတ်​လည်​​ဝေ့ဝိုက်​ကြည့်​လိုက်​​တော့ ဒီ​ယုန်​​ပေါက်​ ​ထောင့်​အကွယ်​​လေးမှာ သူ့ကို စိုက်​ကြည့်​​နေတယ်​​လေ!

မျက်​လုံးချင်းစုံသွားမိ​တော့ ယုန်​​ပေါက်​ဘက်​က အရင်​ဆုံးမျက်​နှာလွှဲပီး လှစ်​ခနဲ လစ်​ထွက်​သွားတာ ဖျတ်​ခနဲဆို ရှာမ​တွေ့​တော့ဘူး...

ဒါတစ်​ခါက ဒုတိယအကြိမ်​ဆို​ပေမယ့်​ သူ လျစ်​လျုရှုမိပြန်​​တယ်​...

တတိယအကြိမ်​ ကန်​တင်းမှာ ထမင်းဟင်း​တွေစိတ်​ကြိုက်​​ရွေး​နေရင်း သူကြိုက်​တဲ့ ပဲပြားတို့ဖူးကို ယူမလို့ပြင်​တုန်းရှိ​သေး
ရှေ့က ​ကောင်​​လေးတစ်​​ယောက်​ သူ့​ရှေ့ကို ​နောက်​​ကျော​ပေး ပိတ်​ရပ်​လိုက်​တာ​ကြောင့်​... ယူဖို့လက်​​တွေတွန့်​သွားတယ်​...

ထို​ကောင်​​လေးက သူ့ရဲ့ တည်​ရှိ​နေမှုကို သိပုံမရ ​ရှေ့က Ahjuma ထည့်​​ပေး​နေတဲ့ ထမင်းပန်းကန်​ကိုသာ ​စောင့်​​နေ​လေတယ်​...

Yifan ​ချောင်းဟန့်​လိုက်​ပြီး

"ဒီမှာ ... ​ဘေး-"

သူ​ပြောဖို့ရှိ​သေး လှည့်​ကြည့်​လိုက်​တဲ့ ​ကောင်​​လေးမျက်​နှာကိုမြင်​​တော့ ​ပြောစရာစကားလုံး​တွေ ​ပျောက်​သွားတယ်

ယုန်​​ပေါက်​​လေးပဲ

ယုန်​​ပေါက်​​လေးက သူကို မျက်​လုံးအပြူးသားနှင့်​ကြည့်​ပြီး 90° bow လုပ်​ကာ အလင်းထက်​မြန်​တဲ့ အလျင်​နဲ့ ထွက်​​ပြေးသွား​လေတယ်​...

"ဟဲ့ ဟဲ့ သားထမင်း ပန်းကန်​ယူသွားဦးလေ"

Ahjuma လှမ်​​အော်​တာ​တောင်​မမှီလိုက်​ ယုန်​​ပေါက်ေ​ပျာက်​သွားပြီ​လေ...

ဒီ​ယုန်​​ပေါက်​​လေး ​မြေလျှိုးမိုးပျံ သိုင်းများတတ်​လားမသိဘူး

Yifan စိတ်​ထဲမှာ​တော့ နဲနဲဖုသွားသည်​...

ဒီ​ကောင်​​လေးငါ့ကို မုန်းများမုန်း​နေသလား??

Yifan စိတ်​ထဲ ကြုံးဝါးမိသည်​က ​နောက်​တစ်​ခါ​တွေ့ရင်​ အဲ့ဒီယုန်​​ပေါက်​ကို အမိအရဖမ်းဆွဲဖို့!!!

အခု​​တော့ ယုန်​​ပေါက်​က သူရဲ့လက်​ထဲမှာ​လေ ပါလာပြီ!!

ဘယ်​ရမလဲ Wu Yifan ပါ လာမစမ်းနဲ့! ယားတတ်​တယ်​ အဲ့​လေ.မှားလို့ -.-

"....Sun....Sunbae.."

အ​နောက်​က အသံ​သေး​သေး​လေးကို ဥပ​က္ခောပြုလိုက်​ပြီး...

ယုန်​​ပေါက်​ကို နံရံမှာ ကပ်​ထားလိုက်​ပြီး တံခါးကို ​လော့ချလိုက်​သည်​....









မင်း ဘယ်​​ပြေးမလဲ ယုန်​​ပေါက်​ရယ်​...

************

Tbc

3:50AM

အိပ်​မရလို့ ထိုင်​​ရေးလိုက်​တာ xP

Dragon's Little BunnyWhere stories live. Discover now