Epi - 1

35.6K 1.7K 64
                                    

Arjushi 

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Arjushi 

Epi - 1

"  ကဲ Luhan ဒီတစ်ခါ ရော ပျက်ခဲ့ပြန်ပီလား " 

"  ဟုတ်တယ် ! feel မလာတော့လို့  "

Luhan စကားကြောင့် Sehun မျက်ခုံးတောင် လှုပ်သွားသလိုပါ …

ဒီကလေးဟာလေ တကယ်ကို ပြောမနိုင်ဆိုမနိုင်လေး … feel မလာလို့  feel မလာလို့ ဆိုပီး ဖြတ်လိုက်တဲ့ ကောင်မလေးတွေ မနည်းတော့ဘူး …

Luhan ဆိုတာ Kim Jongin နဲ့ Kim Kyungsoo တို့ ရဲ့ တစ်ဦးတည်းသော သား… ဆိုးလိုက်တာမှ လွန်ရော …

သိတယ်မလား ခုခေတ်ကြီးက တိုးတက်နေပီလေ … male pregnency တေ နာမည်ကြီးနေတော့ Luhan ဟာလည်း Jongin နဲ့ Kyungsoo လို boy to boy က မွေးထားတဲ့ သားလေးပေါ့ …

သူ့  appa နဲ့ daddy က သားလေးတစ်ယောက်တည်း ဆ်ုပီး  အလိုလိုက်ထားတော့ ကဲချင်တိုင်းကဲ ဆိုးချင်တိုင်း ဆိုးနေတာလေ …

လူကဖြင့် 18 နှစ်တောင် မပြည့်သေးဘူး ။ ရည်းစားက သူ့ အသက်ထက် ကျော်နေပီ …

အော် … ကျွန်တော်ဆိုတဲ့ Oh Sehun ကလည်း ဘာလို့  ဒီလို လူဆိုးလေးကိုမှ သံယောဇဉ် ဖြစ်နေလဲကို မသိတာ …

ပြောရဦးမယ် … ကျွန်တော်က သူ့  driver ဗျ … သူတို့ အိမ်က ခိုင်းစေတဲ့ driver မဟုတ်ဘဲ သူတစ်ယောက်တည်းရဲ့ driver ။

အဲ့လိုဖြစ်ရတဲ့ အကြောင်းက ကျွန်တော့ သူငယ်ချင်းဖြစ်တဲ့ Jongin က တစ်ခါတုန်းက အလုပ်ရှုပ်ပီး မအားတာမို့  သူ့ ဆီအလည်သွားမိတဲ့ ကျွန်တော် အဲ့ချိန်ကစလို့ ဒီလူဆိုးလေးကို ကျောင်းပို့  ကျောင်းကြို လုပ်ရတော့တာပဲ  …

သူ့ အဖေမအားလို့  အစားကျောင်းသွားကြိုပေးရတဲ့ ကျွန်တော်က ကားမောင်းတာကျွမ်းကျင်တယ် စိတ်ချရတယ် ဘာညာဆိုပီး ဘယ်အချိန်က ချွှဲလိုက်လဲ မသိ နောက်နေ့  ချက်ချင်း Jongin ကျွန်တော့ ရုံးခန်းထဲ ပေါက်ချလာကာ သူ့ သားလူဆိုးကို ကျောင်းအပို့ အကြို လုပ်ဖို့  လာပြောတယ်လေ …

Arjushi ( Completed ) Where stories live. Discover now