My Fate & My Love

Start from the beginning
                                    

Time Skip ×××××××××

အာ ဟုတ်ပြီ sica ရော အတူလိုက်အိပ်။ ၃ ယောက် တူတူ အိပ်မယ်။

အဲ့ဒါကောင်းတယ်နော် နော်လို့
ကောင်းဘူးလား

ဆိုပြီး အကြံကောင်းရသွားတဲ့ ကလေးလို ထအော်တဲ့ Tae ကို ကြည့်ပြီး sica တစ်ယောက် ငိုဘဲငိုရမလို ရယ်ဘဲရယ်ရမလိုဖြစ်သွားတော့တယ်။
ဒါနဲ့ sica လည်း

မင်္ဂလာဦး ညတော့ sica လိုက်အိပ်လို့ မရဘူးလေ။ နောက်ညတွေကျရင် လိုက်အိပ်မယ်။ ဟုတ်ဘူး ၃ ယောက်တူတူအိပ်ကြတာပေါ့။

Fany လေးကချစ်စရာကောင်းတော့ sica လည်း သူ့ကိုချစ်တယ်။

လို့ ပြောလိုက်ရော ကိုရွှေချော Tae လေးက မျက်နှာလေး ညှိုးသွားပြီး

ဟာ sica က သူ့ကိုချစ်တယ် ဟုတ်လား။ အာ ချစ်ရပါဘူး။

ကဲ ခုပြော Tae နဲ့ သူ ဘယ်သူ့ကိုပိုချစ်လဲ။

လည်းဆိုပြီး ကလေးလေးလို ဇွတ်ကြီးမေးနေတဲ့ Tae တစ်ယောက်ကတော့ ဂျို ဆွန်းရဲ့ ပြည့်ရှင်မင်းကြီးဆိုတာ ဘယ်သူကယုံမှာတဲ့လဲ။

ဒါနဲ့ Tae လေးကို စချင်တဲ့ sica လည်း

Tae ကဘယ်လိုထင်လဲ sica က ဘယ်သူ့ကို ပိုချစ်မယ်ထင်လဲ။ Fany လား ဒါမှ မဟုတ်

ဆိုပြီး Tae ကို ကြည့်လိုက်တော့ Tae တစ်ယောက် အရမ်းကို သိချင်နေတဲ့ ရုပ်လေးနဲ့ သူ့ကိုသာလိုက်ကြည့်နေတာလည်း မြင်လိုက်ရော sica တစ်ယောက် Tae ကို ထပ်ပြီးမစချင်တော့။

Tae ကလည်း ဘယ်လိုလုပ် sica က ခုတလောမှ ရောက်လာတဲ့ သူကို Tae ထက်ပိုချစ်ရမှာလဲ။ ဟောဒီက Tae ကို သာ ချစ်ဆုံး

ဆိုပြီး Tae ရဲ့ ရင်ခွင်ထဲကို တိုးဝင်လိုက်ပြီး နောက်

ကဲ ကိုလူဆိုး ညနက် ပြီ အိပ်ရာ ဝင်ဖို့ချိန်တန်ပြီ။ မနက်ဖြန်ကျရင် မင်္ဂလာကိစ္စ တွေ စီစဉ်ရအုံးမယ်။

လို့ပြောလည်းပြောရင်း Tae ကိုလည်း မရမက အိပ်ရာ ဝင်ခိုင်းလိုက်တော့တယ်။

xxxxxxxxxxxxxxxxxxxx

နောက်နေ့မနက်ခင်းမှာတော့ Tae တစ်ယောက် နိုးလာပြီး ဘေးမှာအိပ်ပျော်နေတယ် လို့ ထင် တဲ့ sica လေးကို ကြည့်လိုက်တော့ sica လေးက ရှိမနေ။

My Fate & My LoveWhere stories live. Discover now