စာရွက်လေးကို ကြည့်ရင်း နှစ်ခြိုက်စွာပဲ ပြုံးလိုက်မိသည်။

"အဆင်ပြေရဲ့လား ?? "

စိတ်ပူစွာပဲ မေးလိုက်တဲ့ Arjushi ရဲ့အမေးကို ခေါင်းငြိမ့်ပြရင်း

"အင်း Arjushi လက်ရေးအရမ်းလှတယ် .. ကျေးဇူးတင်ပါတယ် "

*ကျေးဇူးတင်ပါတယ် .. ရှူပ်ထွေးနေတဲ့ ကြိုးထုံးကို အောင်မြင်စွာနဲ့ပဲ အစဆွဲထုတ်နိုင်သွားပြီလေ *

ကျွန်တော်သိထားတဲ့ Arjushi ရဲ့ လက်ရေးက ဒီလို လက်ရေးမျိုး လုံးဝ .. မဟုတ်ဘူး ..။

သယ်သူက စပြီးလိမ်ညာခဲ့တာလဲ ??
ဘာအတွက်ကြောင့်လဲ ??

Chen hyung ကို မျက်နှာချင်းဆိုင် မေးလိုက်ရင် ဖြစ်ပေမယ့် ကျွန်တော့်ကို ဒီလောက်ထိ ကူညီပေးနေတဲ့ လူတစ်ယောက်ကို ဒီလိုပုံစံမျိုးနဲ့တော့ စိတ်မညစ်စေလို ~

အားလုံးကို စဉ်းစားလိုက်ရင် ရူးတော့မလိုဘဲ ..ဟူးးးးးး

Arjushi ..!! ခင်ဗျား ဘယ်မှာလဲဗျာ !!

==========================

Yeol's pov ;

ကျွန်တော် ကလေးအပေါ်ထားတဲ့ အချစ်တွေကို လျော့သွားအောင် ကြိုးစားနေတယ် ~

ဒါပေမယ့်လည်းလေ အချစ်ဆိုတာက လိုသလို ထိန်းချုပ်လို့မှမရတာဗျာ ..

ကလေးနဲ့ ဆုံတိုင်း ကျွန်တော့်ကို ကြည့်တဲ့ အကြည့်တွေထဲ နာကျင်မှုအချို့ ပါနေသလိုပဲ ~

ကလေးရယ် ..
တစ်ချိန်ချိန်တော့ ကိုယ်မင်းကို သိပ်ချစ်တဲ့ အကြောင်းတွေ ပြောပြချင်ပါတယ် ..

Ring ...Ring

ရုတ်တရက် မြည်လာတဲ့ ဖုန်းသံကြောင့် တွေးနေတဲ့ အတွေးစအချို့ကို ရပ်တန့်လိုက်သည် ။

"ဟဲလို chen ပြော !!"

"ပြောစရာရှိလို့ တွေ့နေကျ cafe ဆိုင်ကို လာခဲ့ပါလား ?? "

"အင်း "

Chen အသံက အလျင်လိုနေသလိုဖြစ်နေတာကြောင့် စိတ်ထဲ ထင့်ခနဲ တစ်ချက်တော့ ဖြစ်သွားမိတယ် ~

ဘာမကောင်းတဲ့ ကိစ္စများ ဖြစ်လို့ပါလိမ့် ??

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

Ruthless Laboratory//Completed//Where stories live. Discover now