~~ပင်လယ်~~

99 7 1
                                        

ကျွန်မ ပင်လယ်ကို ချစ်သည်...
မြတ်နိုးသည်...... သဘောကျတန်ဖိုးထားသည်

ရေလှိုင်းအလွင့်မှာ မျောပါသွားတဲ့ ကျွန်မကိုယ်ကို ကျွန်မသဘောကျသည်......

ရေလှိုင်းဖြူဖြူတွေ ကမ်းစပ်ရိုက်တဲ့အခါ ဖျာထွက်သွားတဲ့ ပူစီပေါင်းလှလှတွေကိုလဲ ချစ်သည်......

အကင်လေးတွေလဲ ချစ်သည်......

ကမ်းခြေနှင့် ပင်လယ်ပြင်ထိစပ်ရာသည် ကျွန်မ အချစ်ဆုံးနေရာများသာဖြစ်သည်......

ပင်လယ်ပြင်ကမော့ကြည့်တော့ မြင်ရတဲ့ အဆုံးမရှိအပြာရောင်ကောင်းကင်ကြီးက ခပ်နွေးနွေး ပင်လယ်ရေနဲ့အတူ ကျွန်မကို အုပ်မိုးထားသလို ခံစားရသည်......

ပင်လယ်သည် ကျွန်မ နှလုံးသားမှ နေရာတစ်ခုကို ကျပ်ကျပ်တည်းတည်းယူထားခဲ့သည်လေ......

အနှစ်သက်ဆုံးသဘာဝအလှကလည်း ပင်လယ်ကြီးသာဖြစ်သည်......

ပင်လယ်မှ ဖြတ်သန်းလာသော လေသားနုနုတို့ ဆံစတွေဖြတ်သန်းသွားတဲ့အခါ ခပ်အေးအေးလေး ဖြစ်သွားတဲ့ ဂုတ်သားရဲ့ ခံစားချက်ကိုလဲ သဘောကျသည်...

သဲပြင်ကို ခြေထောက်နဲ့ဖိချလိုက်သည့်အခါ ဘေးကိုရှဲသွားသည့် ရေတို့နှင့် ကျွန်မကိုယ်ကို မင်းသမီးတစ်ပါးလို ထင်မြင်မိသည်...

ခရုခွံလှလှတွေကြောင့် ရယ်မောရမှုကိုလဲ သဘောတကျကျ ဖြင့် လက်သင့်ခံမိပြန်သည်...

ဂဏန်းဟင်းနှစ်တို့ကို ထမင်းနှင့်နယ်စားရသည့် ပင်လယ်ထမင်းဟင်းတို့ကို ကျွန်မမြိန်ယှက်လှသည်...

နေဝင်ချိန် နေမင်းကြီး ပင်လယ်ထဲဝင်သွားသည့်အခါ နှမြောတသပျော်ရွှင်မှုကိုလဲ ကျွန်မကြိုက်နှစ်သက်ပြန်သည်...

ကျောက်ဆောင်တွေကြားက ဝင်လာသောရေလှိုင်းဖွေးဖွေးကို ထိုင်ချရင်း ရေသူမလေးလို ခံစားသည်...

ရေမှော်လေးတွေလို ကျောက်တုံးကြားထဲဖိမိတော့ ပူစီပေါင်းထလာသော ထိုချိုင့်ခွက်လေးထဲတွင် လက်မကို အသုံးပြုရင်း အသည်းပုံလှလှရေးရသည်လဲပျော်သည်...

ကျွန်မသည် ပင်လယ်ပျော်ဖြစ်သည်......

ပင်လယ်သည် ကျွန်မကို အလှပဆုံး ဆွဲဆောင်နိုင်ပေသည်...

......................................................

ပင်လယ်ကို ကျွန်မကြောက်သည်...
အရွေ့မတူညီသော လှိုင်းတံပိုးတို့ ကျွန်မကို ဝါးမျိုသွားမည်ကို ရင်ထဲထိတ်မိသည်......

ပင်လယ်ရေအောက်ခြေနှင့် ခြေထောက်မထိတော့မည့် အပျော်စီးသဘောင်္စီးသည့်အခါ ကျွန်မရေနှစ်သွားလျှင် ဟူသည့်အတွေးတစ်ခုက ကြောက်လန့်စေသည်...

မူးဝေဝေခံစားချက်နှင့် ရင်ထဲတင်းလာသလို ခပ်ကျပ်ကျပ်ကြီး ဖြစ်လာသည်......

လှေထဲသို့တိုးဝင်လာသည့် လှိုင်းဖြူဖြူတို့ကြောင့် ခြေထောက်တွေပင် ကျုံ့ဝင်သလိုခံစားရသည်...

ပင်လယ်ရေအောက်သို့ ကျွန်မကျသွားပြီး ပြန်မတက်နိုင်တော့လျှင် ဆိုသည့် အတွေးက လက်ကိုပါတုန်စေသည်......

သေခြင်းတရားကို လက်လွှတ်ပြီး ငြိမ်ခံနိုင်လောက်သည့် ရင့်ကျက်မှုမျိုးလဲ ကျွန်မမှာရှိမနေသေးတာ သေချာနေသည်......

ကြည်လင်လွန်း၍ လှပနေသော ရေလယ်ကောင် သည် ကျွန်မကို ခြောက်လှန့်နေခဲ့သည်.........

ပင်လယ်ကို ချစ်သော ကျွန်မသည် ပင်လယ်ကိုမုန်းသည်...

ချစ်လျက်နှင့်မုန်းသည်.........

ကျွန်မသည် ပင်လယ်ချစ်သော ကြောက်ရွံ့သူသာ ဖြစ်ချေသည်.........။

#ကျွန်မရင်ဆိုင်ရသော ပင်လယ်နှင့် ခံစားချက်များး

ကျွန်မဖြင့်အစပြုသော......Where stories live. Discover now