Eternal 2

1.2K 163 10
                                    

"ဒီအလင်းတန်းဟာ …… လွန်ခဲ့တဲ့သုံးရက်
26 ရက်နေ့က ဒီ black hole ထဲက ထွက်
ပေါ်လာခဲ့တာပါ ……… နောက်ပြီး ကျွန်တော်
တို့ ကမ္ဘာကို အလင်းအမြန်နှုန်းနဲ့လှည့်ပတ်
နေပါတယ် …… အဲ့ဒီအလင်းတန်းဖြတ်သွား
တဲ့လမ်းကြောင်းတည့်တည့်ကျသည့် နိုင်ငံများမှာရာသီဥတုတွေဖောက်ပြန်တာတွေ အစပြုလာပါပြီ ……"

ပေါ့သေးသေးပြသနာတော့ မဟုတ်ဖူးပဲ ……
ရာသီဥတုဖောက်ပြန်တယ်ဆိုတာ လူက
လုပ်ယူလို့လဲမရသလို တားဆီးလို့လဲမရသော
ပြသနာတခု …… ကြီးကြီးမားမားသာဖြစ်
လာလျှင် နိုင်ငံနဲ့ချီပြီး ဒုက္ခရောက်လာနိုင်သည်

"ဥပမာ-- Korea နိုင်ငံမှာ ရုတ်တရက်
အပူချိန်မြင့်တက်လာခြင်း ……… အီဂျစ်နိုင်ငံ
တွင် ရုတ်တရက် နှင်းများကျဆင်းလာကာ
အပူချိန် 0° အောက်ရောက်သွားခြင်း ……
စင်္ကာပူနိုင်ငံ ရေပိုင်နက်အတွင်း ပင်လယ်
ရေများ အေးခဲသွားခြင်း ……… စသည့်
ရာသီဥတုအခြေအနေများ ဖောက်ပြန်လျက်
ရှိပါတယ် …… ကျွန်တော် တင်ပြသွားသော
လတ်တလော သတင်းအချက်အလက်များ
အပေါ်မူတည်၍ လူကြီးမင်းတို့ရဲ့ ထင်မြင်ယူဆ
ချက်များကို အလှည့်ကျစတင်ဆွေးနွေးနိုင်ပါပြီ။"

အကုန်လုံးငြိမ်ကျသွားသည် …… လတ်တလောရရှိထားသော သတင်း
အချက်အလက်များက တိတိကျကျ အဖြေထွက်ဖို့ရာနည်းပါးလွန်းသည်​။

မိမိနိုင်ငံနှင့် တနည်းမဟုတ်တနည်း
သက်ဆိုင်လာနိုင်သည်ဖြစ်ရာ သမ္မတဖြစ်သူ
ကိုယ်တိုင် တက်ရောက်ရသည့် လျှို့ဝှက်
အစည်းအဝေးတခုဖြစ်လေသည် ………

"ကျွန်တော် ထင်တာကတော့ ဒီအရာဟာ
ဆွဲအားမြင့်တဲ့ ဂြိုဟ်တခုပေါက်ကွဲရာက
လွင့်စင်လာတဲ့ ဂြိုဟ်သိမ်ဖြစ်မယ်လို့ယူဆ
ပါတယ် "

Dr.Kai က ထင်မြင်ချက်ကိုတင်ပြသည် ……
အချို့လူတွေက ခေါင်းတငြိမ့်ငြိမ့်ဖြင့်ထောက်ခံ
သော်လဲ …… မ​ထောက်​ခံသည့်​သူတ​ယောက်

"မဖြစ်နိုင်ဘူး ……"

အားလုံးရဲ့မျက်လုံးက သမ္မတ ၏ လက်ဝဲဖက်
ကပ်ရပ်တွင်ထိုင်နေသော Dr.Wu ဆီရောက်
လာသည် …… သမ္မတကိုယ်တိုင် သွားပင့်
တာတောင် အင်တင်တင်နဲ့လာခဲ့သူမဟုတ်
လား …… တီးတိုးတီးတိုးဖြစ်ကုန်သည် ……

Impossible EternalWhere stories live. Discover now