သူ အိမ်ပြန်ရောက်လာသည်နှင့် အမေနှင့်တူတူ
ရေမိုးချိုးထမင်းစားပြီး အပေါ်သို့တက်လာခဲ့သည်။
စာကြည့်စားပွဲကိုဝင်ထိုင်ကာ Diaryစာအုပ်လေး
ကို ဖွင့်လိုက်သည်။ အချိန်သည် ညနေ ၆ နာရီသာ
သာ ရှိနေသော်လည်း သူ ညဘက်အပြင်ထွက်ဖို့်
စိတ်မကူးတော့ပါ ။ နေ့လည်ကအပြန်တစ်ခါတည်း
Luhan၏ဦးဆောင်မှူကြောင့် သူ့အလုပ်တာဝန်ခံ
အား ခွင့်တိုင်ပြီးဖြစ်သည်။ နှစ်ပတ် သုံးပတ်လောက်
ခရီးထွက်မည်ဖြစ်သောကြောင့် ဆရာသည်သူ့အား
သိပ်တော့မကြည်ပေ။ အသာတကြည်ခွင့်ပြုသည်ဆို
ပင်မဲ့ ပြန်ရောက်သည်နှင့် အလုပ်တွေနင်းကန်ခိုင်း
တော့မှာကို ကြိုသိသည်။ မထူးပါလေ ၊
နားလို့ရတုံးလေး နားထားရမှာပေါ့ ။
စာအုပ်ကိုစဖွင့်လိုက်သည်နှင့် ယနေ့စတင်ခဲ့သော
ကိစ္စများက မျက်ဝန်းထဲတွင်ထင်ရှားစွာ ပေါ်လာသည်။LUHAN....
ိုLuhan အပြုံးများ ၊ သူတစ်ခါမှမမြင်ဖူးသော
ဖြူစင်သည်အပြုံးများ ၊ တသိမ့်သိမ့်ခုန်နေသော
ရင်အစုံကို ဆုပ်ကိုင် လျှက် ကုတင်ပေါ်သို့လှဲချလိုက်
သည်။ မျက်လုံးများမှိတ်ထားသော်လည်း ထိုအပြုံး
တို့၏အစွမ်းသည် မြင်ယောင်နေစေခဲ့သည်။
သူ့မျက်နှာထက် တွန့်ရုံလေးပြုံးမိသွားသည်ဆိုတာတော
ကွယ်ဝှက်လို့မရမည်မှာ သေချာသည်။
ဤသို့ဖြင့် သမင်တစ်ကောင်၏ အပြုံးတွင်နစ်မြောရင်း
ဟိုဘက်လှိမ့်ဒီဘက်လှိမ့်ဖြင့် ညနေ၆နာရီိခွဲအချိန်ခန့်
တွင် ပေါက်စီတစ်ကောင်သည် ပြုံးရင်းနှင့် ပင်
အိပ်ပျော်သွားခဲ့ပါသည်။အိပ်ယာမှနိုးလာချိန်တွင်တော့ အချိန်သည် ည ၁၂
နီးပါးပင် ဖြစ်တော့သည်။ ထိုချိန်မှ ကမန်းကတန်း
ထကာ ပြူးတူးပြာတာဖြစ်သွားရသည်။
အခုချိန်ထိ သူ့အဝတ်အစားတွေ တစ်ခုမှ မသိမ်းဆည်း
ရသေးပါ ။ အချိန်သည် တဖြည်းဖြည်း နီးကပ်လာ
နေသည်။