●○●○13●○●○(Final )

332 39 4
                                    

"မေမေ ဘာတွေပြောနေတာလဲ သမီးက ဘာလို့ Woo Bin နဲ့လက်ထပ်ရမှာလဲ "

"အမှန်အတိုင်းပြောရရင် လုပ်ငန်းသဘောအရမို့လဲပါတယ်သမီး Woo Bin အဖေက သမီး သိတဲ့ အတိုင်းဖေဖေ့ Company ရဲ့ အရေးပါတဲ့သူ သူ့ကမ်းလှမ်းတာမေမေတို့လက်မခံရင် .."

"လက်မခံရင်ဘာဖြစ်လို့လဲ မေမေ သမီးမေမေ့စကားကို တစ်ခါမှ နားမထောင်ဘဲ မနေဖူးပါဘူး ဒါပေမယ့် "

"ဒါပေမယ့်ဘာလို့လဲသမီး "

"သမီးမှာ ချစ်တဲ့သူရှိတယ် "

"မေမေတို့စီစဉ်ပြီးနေပြီ "

"အာ မေမေ မသိဘူး Woo Bin နဲ့တော့ လုံးဝမယူနိုင်ဘူး သူဘယ်သူလဲဆိုတာ မေမေမသိဘူး "

" သမီးရယ် စဉ်းစားပါဦး "

"မသိဘူးမေရာ "

Jin အပေါ်ထပ်ကိုပြေးတက်သွားတယ်

ကျောင်းက ပြန်ရောက်ကတည်းက ဆွေးနွေးနေရတာ

သမီးလေးခုလိုငြင်းဆန်တာ မမြင်ဖူးဘူးလေ

..........

"အား Woo Bin နင့်ကိုငါမကျေဘူး "

နင်ငါ့ကို မိဘတွေနဲ့ အကြပ်ကိုင်ပြီး ရအောင်ယူမယ်ပေါ့

ဟားဟား ငါအရင်ဘဝက ငါနင့်ကို ယူချင်လို့ကိုယ့်ကိုကိုယ်ဘာလုပ်ခဲ့လဲ နင်မမှတ်မိဘူးထင်တယ်

လုံးဝမကျေနပ်ဘူး Woo Bin

ကြည့်နေငါဘယ်လို လက်စားခြေပြမလဲဆိုတာ

...........

"ဘာ "

"JIN က woo Bin ကို "

Bobby အော်သံကြောင့် BI ပါ လှည့်ကြည့်မိသည်

Bobby က Donghyuk တို့နဲ့စကားပြောနေတာလေ

 "ဘာဆိုင်လို့လဲ ဟာ Jin မိဘတွေကကော ဒါတွေဘာမှမသိဘူးလား Woo Bin က ဘယ်လိုလူစားလဲဆိုတာ "

"Woo Bin အဖေက Woo Bin နဲ့ လုံးဝဆန့်ကျင်ဘက်ဟ အရမ်းသဘောကောင်းတယ် စိတ်ထားလဲကောင်းတယ် ဒါပေမယ့် သားစကားတစ်ခွန်းဆို တစ်ခွန်းရအောင်လုပ်ပေးတတ်တာ "

"ခုလဲ Woo Bin တောင်းဆိုတာပဲဖြစ်မယ် "

"အဓိပ္ပါယ်မရှိတာကွာ "

မျက်ရည်သီးသော အလွမ်းသစ်ပင် Tahanan ng mga kuwento. Tumuklas ngayon