●○●○1●○●○

Comincia dall'inizio
                                    

"ဟယ် ဘယ်လိုဖြစ်တာလဲ ဒီည အစီအစဉ်သိသွားတာများလား "

"ဟုတ်လောက်တယ် ဆိုင်ကယ်နဲ့ပြေးသွားတာ တွေ့တယ် ဟို တောင်ကုန်းလေးပေါ်ထင်တယ် လာလိုက်သွားကြရအောင် "

"အင်းအင်း "

................

"Kim Jinhwan ရပ်စမ်း "

Hanbin တို့ဆိုင်ကယ်လေးက တောင်ကုန်းလေးထိပ်သို့ရောက်နေပြီ

ရပ်သွားတော့ ရှေ့တွင် ချောက်သာ ရှိတော့သည်

"မင်း သတ္တိတွေရှိနေတယ် ဟုတ်လား Kim Hanbin "

"မင်းငါတို့ကြားဘာမှဝင်ပါစရာမ လိုဘူး Woo Bin "

"Jinhwan ငါနဲ့ပြန်လိုက်ခဲ့ "

"ရှင်လို ကျွန်မအဖေကို သတ်ထားတဲ့ သူနဲ့ လက်မထပ်နိုင်ဘူး ပြန်မလိုက်နိုင်ဘူး "

"မင်းက ငြင်းဖို့ အင်အားရှိတဲ့သူမို့လား Jinhwan နောက်မှ ငါ့အဆိုးမဆိုနဲ့နော် "

Woo Bin နောက်မှ လူတွေ Hanbin တို့နား ဝိုင်းလာကြသည်

"ငါ့ချစ်သူကို မင်း အမိန့်ပေးစရာမလိုဘူး ငါတို့က လက်ထပ်တော့မှာ မင်းယုတ်မာလို့ Jin အဖေလဲ သေပြီး ငါ့အဒေါ်လဲ အောက်ပိုင်းသေခဲ့တယ် မင်းဘာသာ ဘယ်သူပဲဖြစ်နေနေ မင်း လိုလူမျိုးလက်ထဲ Jinhwan ကို အပါမခံနိုင်ဘူး နားလည်ထား "

"သိပ်စကားတတ်နေပါလား "

"ရှင်ရှေ့မတိုးနဲ့နော် "

"မင်း အသာတကြည်လိုက်ခဲ့ရင် မင်းချစ်သူ ဘာမှမဖြစ်စေရဘူး "

Jinhwan ကို Hanbin ဖက်လိုက်ပြီး

"ကို မှာတာပါတယ်မှတ်လား "

"အင်းပါတယ် ဒါပေမယ့် Hanbin ရယ် Jin မလုပ်ရက်ဘူး "

"Jinhwan ကို သူ့လက်ထဲမှာ မြင်ရတာထက် ဒါက ပိုကောင်းပါတယ် "

"Hanbin ရယ် "

"လုပ်ပါ အချိန်မရှိဘူး "

"Jin တောင်းပန်ပါတယ် "

"ချစ်တယ် Jinhwan နောင်ဘဝတွေလဲ ချစ်နေပါ့မယ် ပြန်တွေ့ကြရအောင် "

အကျီကြားမှ ထွက်လာသောဓားတစ်လက်

Hanbin ရဲ့ ရင်ဘက်ကို ထိုးစိုက်ပြီးနောက်

မျက်ရည်သီးသော အလွမ်းသစ်ပင် Dove le storie prendono vita. Scoprilo ora