ဦးဆုံး (First)

22.5K 709 37
                                    

(Zaw)

ကျွန်တော့်ကို ၁၉၉၈ခုနှစ်ရဲ့ ပထမဆုံးလဖြစ်သည့် ဇန်နဝါရီလ၏ ၁၂ရက်နေ့တွင် မွေးဖွားခဲ့သည်။

ထိုနေ့က ဇန်နဝါရီလ ၁၁ရက်နေ့မှ ဇန်နဝါရီလ ၁၂ရက်နေ့သို့ ကူးပြောင်းသည့် အချိန် ၁မိနှစ်တိတိကြာမြင့်ချိန်ဖြစ်သည်။ တနည်းအားဖြင့် ကျွန်တော်သည် ဇန်နဝါရီလ၊ ၁၂ရက်နေ့၏ (၀၀း၀၁)နာရီအချိန်တွင် ဖွားမြင်သူဖြစ်သည်။

အေးစက်လွန်းသည့် ဇန်နဝါရီလဖြစ်သော်လည်း ကျွန်တော်မွေးသည့် နေ့က အရင်နေ့တွေထက် ပိုပြီး အေးစက်နေခဲ့သည်ဟု မေမေပြောသည်။

ပြီးတော့ ထိုနေ့မနက်မှာပင် မကျတော့ဘူးဟု ထင်ခဲ့သည့် နှစ်တစ်နှစ်ရဲ့ ပထမဆုံးနှင်း စတင်ကျခဲ့သည်။

မေမေ့အတွက်တော့ ကျွန်တော်က ပထမဆုံးသားယောင်္ကျားလေး ဖြစ်သော်လည်း ကျွန်တော်မွေးဖွားလာခြင်းက သူမအတွက် ပုံပြင်တွေထဲမှ စနှိုးဝှိုက်မင်းသမီးလေးမွေးဖွားလာသလို ခံစားခဲ့ရသည်တဲ့။ ကျွန်တော်ရဲ့ ပါးပြင်နှစ်ဖက်က နီရဲပြီး ဖြူဖွေးလွန်းလှသည်ကိုး။

အင်္ဂလိပ်အက္ခရာစကားလုံးရဲ့ ပထမဆုံးစကားလုံးဖြစ်သော (A) က ကျွန်တော့်ရဲ့ သွေးအမျိုးစားဖြစ်သည်။ ထိုကြောင့် ကျွန်တော်သည် အေသွေးအမျိုးစားရှိသူများနည်းတူ အရာရာတိုင်းကို အစွဲအလမ်းကြီးတတ်လွန်းသည်။ ပြီးတော့ အရာရာတိုင်းကို စေ့စပ်သေချာစွာ ပြုလုပ်တတ်သူလည်း ဖြစ်သည်။ အသေးအဖွဲကိစ္စလေးများကအစ စေ့စပ်လွန်းသည့် ကျွန်တော့်အား သူငယ်ချင်းအများစုက ငဂျီငဂျောင်ဟု နာမည်ပြောင်ခေါ်ဆိုကြသည်။

ကျွန်တော်ကတော့ အေသွေးသမားများနည်းတူ ပတ်ဝန်းကျင်ကို သိပ်ပြီး ဂရုတစိုက်ရှိသူ မဟုတ်ပါ။

ဒါကြောင့် ပထမဆုံးဆိုသည့် ကျွန်တော့် ဘဝရဲ့ ဦးဆုံး အရာတွေကို ကျွန်တော် တန်ဖိုးထားသည်။ အလေးထားသည်။

ကျွန်တော့် မွေးနေ့မှာ ပထမဆုံး မွေးနေ့ဆုတောင်းပေးသူကို ကျွန်တော် မမေ့မလျော့အမှတ်တရလက်ဆောင်ပြန်ပေးတတ်သလို။ ကျွန်တော့်ရဲ့ ပထမဆုံး ကျောင်းတက်ရက်တွေမှာ ခံစားရသည့် ခံစားမှုကို အမြဲ စာအုပ်တွင် ချရေးတတ်သည်။

ဦးဆုံး (first)Where stories live. Discover now