soo'pov:: * ဟက် ငါတော်တော် ဥာဏ်ပြေးပါလား Gangsterတစ်ယောက်ရဲ့ချစ်သူလို့ဟြေလိုက်တော့ ဘယ်သူမှမထိရဲတော့ဘူးလေ*

sooရဲ့စကား kaiရယ်ချင်စိတ်တွေ ဖြစ်လာတာကြောင့် မျက်နှာက ပြုံးပြုံးစိစိ ဖြစ်နေတော့တယ်

soo:: ' ရှင်က မယုံတာလား' 
kai:: ' ယုံပါတယ်ဗျာ'
soo:: ' ဒါနဲ့ရှင်နာမည် ဟြေအုန်းလေ နောက်တစ်ခါတွေ့ရင် ကျေးဇူးပြန်ဆပ်မလို့ပါ'
kai:: ' ကျွန်တော်နာမည်က  . . . . Jonginပါ'
kaiနာမည်အမှန်အတိုင်းမဟြေဘဲ လိမ်ဟြေလိုက်တယ်

soo:: ' jongin shii. sooကို skylightဂေဟာကို လိုက်ပို့ပေးပါလား'
kai:: ' jonginလို့ပဲ ခေါ်ပါ ဂေဟာကို ဘာသွားလုပ်မလို့လဲsoo'
soo:: ' အဲက ကလေးတွေကို စာသင်ပေးနေတာလေ'
kai:: ' aww'

ဂေဟာရှေ့ရောက်တော့ soo kaiကိုနှုတ်ဆက်ပြီး ကားပေါ်က ဆင်းမလို့လုပ်တုန်း
kai:: ' sooတစ်ခုလောက် မေးချင်လို့'
soo:: ' ဟုတ် မေးပါ'
kai:: ' XO ဂိုဏ်းခေါင်းဆောင်ရဲ့ချစ်သူလို့ ဟြေလိုက်တာနော်'
soo:: 'အခုထိ မယုံသေးတာလား'
kai:: ' မဟုတ်ပါဘူး အဲခေါင်းဆောင်ကို မြင်ဖူးတဲ့သူ ရှားတယ်လေ သူကဘယ်လိုပုံမျိုးလဲ သူနဲ့ဘယ်လိုစတွေ့တာလဲ မေးချင်လို့ပါ'
soo:: ' အင်းးးး . . . . နောက်တစ်ခါဆုံမှ ဟြေပြမယ် အခုsooသွားတော့မယ်နော်'

soo ဂေဟာထဲပြေးဝင်သွားတာကို kaiကြည့်ရင်း
'အခုက မင်းနဲ့ငါ ပထမဆုံးတွေ့ဆုံမှုပဲလေ မင်းကတော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေးပဲ'

#######
kai သူစံအိမ်ဆီ ပြန်ရောက်တော့
'ဆရာ ပြန်လာပြီလား' ဆိုတဲ့အသံနဲ့အတူ သူအခန်းထဲကို လူတစ်ယောက် ဝင်လာခဲ့တယ်

kai:: ' အင်းး Michael.
ဆရာလို့မခေါ်ပါနဲ့ မင်းနဲ့ငါက လက်တွဲအလုပ်လုပ်တာ ကြာနေပြီပဲ Kaiလို့ပဲခေါ်ပါ'
Michael:: ' nae. ဒါနဲ့ ဝါရှင်တန်ကိစ္စက kaiလုပ်လိုက်တာလား'
kai:: ' ဟုတ်တယ်'
Michael:: ' ပစ္စည်းရော ရခဲ့လား'

kai ဘူးတစ်ခုကို Michaelထံ လှမ်းပေးလိုက်တယ်
Michaelဘူးကို ဖွင့်ကြည့်လိုက်တော့ ရှားပါးပန်းရောင်စိန်ပွင့်တစ်ပွင့် . ပန်းရောင်စိန်တွေထဲမှာမှ အကြီးဆုံးလို့လည်း ဟြေလို့ရတဲ့စိန်ပါ

Michael:: ' ဒီပစ္စည်းကိုရော ပြန်ရောင်းမှာလားkai'
kai:: ' အခုတော့ မရောင်းသေးဘူး သိမ်းထားအုန်းမယ် အလုပ်ကိစ္စတွေ ရှိရင်လည်း နောက်နေ့မှ ဟြေတော့ ငါနားအုန်းမယ်'
Michael:: ' ကောင်းပါပြီ'
လက်စွပ်ဘူးကို kaiဆီလှမ်းပေးပြီး အခန်းထဲက ထွက်လာခဲ့တယ်                           

Gangster's LoverWhere stories live. Discover now