My Luhan

9.2K 777 74
                                    

My Birthday Present for...............

//Oh Sehun အဖြေလွှာစာရွက်လာယူ......//

အတန်းပိုင်ရဲ့ မာဆတ်ဆတ်စကားအဆုံးမှာ
ကျနော် အခန်းတစ်ခုလုံးတုန်
ခါသွားနိုင်မည့် သက်ပြင်းကြီးချလိုက်ပြီး ခေါင်းကို
တဗျင်းဗျင်းကုတ်ကာ စာသင်ခန်းရှေ့သို့
မသွားချင်သွားချင်ခြေလှမ်းများဖြင့် တလှမ်းချင်း
ဆီလျှောက်သွားလိုက်တယ်

အဟမ်းပြောရမယ်ဆို
ကျနော်Oh Sehun က...လူပုံခပ်ချောချော
ရှင်းသန့်ကြည်လင်နေသည့် အသားအရည်နဲ့
တူညီဝတ်စုံကိုတောင် စတိုင်ကျကျဝတ် သေသေသပ်သပ်နေတတ်တယ်
စာကြည့်မျက်မှန်ပါးပါးတစ်လက်က
ကျနော့်ရဲ့ပြယုဂ်ဖြစ်ပြီး ရုတ်တရတ်ကြည့်လိုက်ရင် ကျောင်း၏ဂုဏ်ဆောင်စံပြ
ကျောင်းသားတစ်ယောက်လို ပုံစံရှိပေမဲ့လည်း

//ရော့ ......မင်းဒီပုံအတိုင်းဆို တက္ကသိုလ်တက်ရဖို့ လမ်းမမြင်ဘူး ယူသွားတော့//

//Nae Sam...//

မှင်အနီလေးတွေရဲပဒေါင်းခတ်နေတဲ့ အဖြေလွှာ
လေးက ကျနော့်ကို လှောင်ပြောင်နေသလို

အတန်းကြီးကလဲ ကျနော့်ကိုဂရုမစိုက်ပဲ
သူ့ဘာသာအေးဆေးနေမြဲဆိုတော့ စာရွက်
လေးကိုကိုင်ပြီး စံမြန်းရာနောက်ဆုံးထိုင်ခုံ
မှာပဲ ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီးနောက်
ဆရာပြောမှသတိထားမိတဲ့ ကျနော့်အနာဂတ်
ကို စားပွဲပေါ်ခေါင်းမှောက်ပြီး စဉ်းစားခန်း
ဖွင့်မိတော့တယ်

ကျနော်က ဥာဏ်မကောင်းတာလားဆိုတော့လဲ
မဟုတ်ဘူး ကောင်းပါတယ်
ဒါဆို အဓိက ပြဿနာက ဘာလဲ !!!!
စာမလုပ်ချင်တာပေါ့ အရှင်းကြီးရယ်

ဆိုတော့ကာ ကျနော်Sehunစာလုပ်ဖို့ရာ
တွန်းအားတစ်ခုခုတော့လိုနေပါပြီ
ဘာများဖြစ်မလဲလေ???

~•~•~•~•~•~•~

Canteenတွင်ထိုင်ကာ စာတကုပ်ကုပ်လုပ်နေ
သော Chanyeolကို Bubble Teaစုပ်သောက်
နေရင်း ဘုကြည့် ကြည့်နေလိုက်တယ်

စာမေးပွဲကျလာသည့်သူရှေ့မှာ စာအသည်းအသန်ကြိုးစားပြနေတာလောက်
အသည်းပေါက်တာမရှိဘူး

စာလုပ်ချင်ရင် စာကြည့်တိုက်သွားပေါ့
Canteenထဲလာပြီး......ဒါသပ်သပ်Oh Sehun
ကို ကလိနေထာ

My LuhanWhere stories live. Discover now