သူ့ကို လုပ်လိုက်တဲ့ ကောင်လေးကို ကြည့်လိုက်တော့ ကောင်လေး ခင်ဗျာလည်း ကြောက်နေရှာတယ် ထင်တယ် မျက်ဝန်းထဲမှာ ကြောက်ရွံ့ မှုတွေ့ အပြည့်နဲ့ တစ်ကိုယ်လုံး တုန်ရီနေသည်...။

ထိုကောင်လေးလဲ ကြောက်ကြောက်နဲ့ ပြာပြာသလဲ စားပွဲခုံ ပေါ်က tissue ကိုယူလိုက်ပြီ ....

"Y-Yifan sunbaenim ကျ....ကျွန်တော် တောင်းပန်ပါတယ် ..."

ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောပြီး ဖိနပ်ကို tissue နဲ့ သုတ်ပေးနေလေသည်...

Tsk!

Yifan ရဲ့ စုပ်သပ်သံနှင့်အတူ ထိုကောင်လေးရဲ့ ကော်လံကို ဆွဲမလိုက်တော့ ခြေထောက်နဲ့

ကြမ်းပြင်က ၂လက်မလောက် ကွာဟသွားသည် ...

"မင်းငါ့ အကြောင်းကို မသိတာလား ... လျစ်လျူရှုတာလား မသိချင်ယောင်ဆောင်တာလား"

ခပ်သြသြနှင့် အံကြိတ်သံ တစ်ခုက Yifan နှုတ်ဖျားမှထွက် ပေါ်လာသည်...

"Ar...arniyo Yifan Sunba-"

ခွပ်

Yifan ရဲ့ လက်သီးတစ်ချက်က ထိုကောင်လေးရဲ့မျက်နှာထက် ၀ဲပျံသွားတယ်

သွေးစ အချို့နဲ့အတူ ကောင်လေးရဲ့နှုတ်ခမ်းပေါက်သွားသည် ...

ဒါနဲ့တင် မလုံလောက်သေးဘဲ

အဲ့ဒီကောင်လေးရဲ့ ဂုတ်ကို ကိုင်ဆွဲပြီး တရွတ်တိုက် ကန်တင်း အပြင်ဘက်ကို ဆွဲခေါ်သွားရင်း ...

"အဲ့မှာ ဒူးထောက်နေ ကျောင်းမဆင်းခြင်း မထနဲ့"

ကျောင်းရဲ့ ကွင်းပြင်ထဲမှာ ထိုကောင်လေးကို ဒူးထောက် ခိုင်းထားခြင်းပင် ...

မိုးတွင်းဆိုတော့ မိုးကဖွဲဖွဲ ကျနေတော့ နာရီပေါင်းများစွာ ဒူးထောက်ပြီးတော့ မခံနိုင်တဲ့အဆုံး

မေ့လဲသွားလေရဲ့ ... တစ်ပတ်လောက် ဆေးရုံတက်လိုက်ရတယ် ...

ကျောင်းထဲမှာတောင်... ? အာ့ဆို ဘယ်သူမှ ၀င်မကူညီပေး ကြဘူးပေါ့...?

hk ဆရာတွေကအစ သူ့ဘက်တော်သားတွေ ဖြစ်နေတော့

ဘယ်သူမှ သူ့ကို မတားရဲကျဘူးလေ...

Dragon's Little BunnyWhere stories live. Discover now