ပိုက်ဆံရှိ သူဌေးသားတွေ ဆိုတော့လည်း ဖြစ်လာသမျှ ပြဿနာတွေကို သူ့တို့နောက်က မိဘတွေက ငွေ ထုတ်ပိုက်ပြီး ဒိုင်ကန် ဖြေရှင်း ပေးတယ်...

အရာရာတိုင်းကို ငွေနဲ့ ဖြေရှင်းလို့ရတယ် ဆိုတာက သူတို့ရဲ့ ဆောင်ပုဒ်တစ်ခု လို့တောင် ဆိုလို့ရတယ်...

အဲ့တာကြောင့် လူတွေကြောက်ကြတာကို. . .

နောက်တော့ သူက ကျောင်း Basketball team ရဲ့ Captain တစ်ယောက်လို့လဲ ဆိုလို့ရသည်...

ကျောင်းအားကစားပွဲတွေမှာ ကျောင်းပေါင်းစုံက ကစားသမားတွေနဲ့ ယှဉ်ပြိုင်ကြသည့်က အခါ သူတို့အဖွဲ့ နိုင်သည်က များသည်. . .

သူတို့ Basketball မှာ ထူးချွန်လို့လား... ?

No... No...

50% လောက်တော့ မှန်ကောင်းမှန်နိုင်လိမ့်မည်...

နောက် 50% ကတော့...

အင်း ပြောရလျှင် ... သူတို့ကို ကြောက်ကြလို့ Anyi ! အမှန်တော့ Wu Yifan ကို ကြောက်လို့ အရှုံးပေးလိုက်ရတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် ...

အကယ်၍သာ ... သူတို့ အဖွဲ့ ပြိုင်ပွဲမှာ ရှုံးခဲ့မယ်ဆို လျှင် တဖက်လူတွေအဖို့ မတွေးဝံ့စရာ...

နောက်တစ်နေ့ ဆေးရုံပဲရောက်နေမလား...

အသုဘချနေပြီလား ဆိုတာတော့ ... စဉ်းတောင် မစဉ်းစားရဲဘူး...

အဲ့လောက်တောင်ပဲ ဆိုးသလား?

ဒီထက်ဆိုးတာတောင်ရှိသေးတယ်...

ဟိုတစ်ရက်က ကန်တင်းမှာ ကျောင်းသားလေးတစ်ယောက် အချိုရည် အကပ်အသပ်ကျန်နေသေးတဲ့ colaဗူး ကို လွှတ်ပစ်လိုက်တာ...

ကံဆိုးချင်တာနဲ့ပဲ အဲ့ဒီအချိုအရည် အနည်းငယ်က Wu Yifan ရဲ့ အဖြူရောင် -နာမည်ကြီး Brandတံဆိပ်- ဘွတ်ဖိနပ် ပေါ် ကျသွားတယ်...

Flashback

ကန်တင်းတစ်ခုလုံး အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ်သွားသည်...

အားလုံးရဲ့ အကြည့်တွေက Yifan နဲ့ ထိုကောင်လေး ဆီမှာ ...

Yifan ကတော့ သူ့ရဲ့ ဖိနပ်ကို စိုက်ကြည့်နေလေတယ်... မျက်နှာ ထပ်မှာတော့ စိတ်အနှောက်ယှက်ဖြစ်မှု မသတီမှု ဒေါသတွေ လွှမ်းမိုးသွားသည် ....။

Dragon's Little BunnyWhere stories live. Discover now