ငါဟာငါ

121 8 0
                                    

'ငါဟာငါ'

ဒဏ်ရာတွေကို ကုတ်ခြစ်ပြီး
ငါ့ကိုယ် ငါ ယဇ်ပူဇော်လိုက်ချင်တယ်​......။

ပိတ်ပင်တားမြစ်ထားတဲ့
လူ့ကျင့်ဝတ် တစ်ချို့ကို့
ကိုယ်ပေါ်ရုံပြီး အစွယ်ထုတ်ထုတ်ပြတတ်တဲ့
လူတစ်ချို့ကြားမှာ
ငါဟာ ငါဖြစ်နေဆဲဆိုတော့လည်း
Rapသီချင်းတွေ ထွက်ကျနေတဲ့ကတ်ဆတ်ကို
ငါမုန်းတယ်..။

ငါရင်ဘတ်တစ်ခြမ်း ပုတ်သိုးသွားအောင်
မိစ္ဆာတစ်ကောင်လို ​လှောင်ရယ်​နေတာမျိုးကို
ငါမုန်းတယ်​ ။

ငါနားကိုမှ ကလောချင်တဲ့
မသူတော်ဂုဏ်ပြု ချီးမွမ်းမူတွေကို ငါမုန်းတယ်​ ။

ငါသေအောင်​ငိုနေမိပါစေ
ငါနဲ့ မပတ်သတ်​၊မသက်ဆိုင်​၊မသိသလို
နေသွားကြဖို့
အခွင်အရေးရှိနေကြတာတောင်
ငါဦးနှောက်ကို ဖဲ့စားဖို့်​၊တံစို့ ထိုး ကင်ဖို့
ဆုံးဖြတ်ထားတဲ့ မျတ်လုံးအကြည့်တွေကို
ငါမုန်းတယ်။

ငါက အာဋ္ဌာဝကလည်း မဟုက်၊
ဒေဝဒတ်လည်းမဟုက်၊
အဇာတသတ်လည်း မဟုတ်၊
ငါဟာ.......ငါ။

ပြောပြီးသား ငါဟာ......ငါ..။

မယောင်ရာ ဆီမလူးသလို
မလိုအပ်ဘဲ ​ဆေးမထိုးဘူး
ငါဟာ.....ငါ။

အဲဒီဘက်က သိပ်မကျေနပ်ဘူးဆိုရင်တော့
အကြမ်းဖက်ခွင့်တော့ ပေးမယ်လေ
ဒါပေမယ့်​ ငါဟာ.....ငါ
ဘယ်တော့မှ အိုမသွားတဲ့
စိတ်ကူးလတ်လတ်ဆတ်ဆတ်ကြီးနဲ့
ငါဟာ.......ငါ။

Oct15.2013
Minsetwai

ကဗျာလူသား(POETRY MAN)Where stories live. Discover now