2.​ရှေ့​နေဆန်​​သော...!

1.4K 162 0
                                    


ကဗျာတစ်​ပုဒ်​နဲ့ အသက်​ဝင်​​နေတဲ့ သူ့ နာမည်​က ကျွန်​​တော့်​​သွေးပြန်​​ကျော​တွေထဲမှာ စိမ့်​ဝင်​ စီးဆင်းလို့ .....
ဟိုး....​ရှေး​ရှေးတုန်းက ကျွန်​​တော့်​ ကကြီးခ​ခွေး​တွေကို သုံး​ကြောင်းကဗျာ​တွေထဲမှာ ထည့်​သုံး ဖြစ်​တဲ့ တစ်​​နေ့ luhan (သူ) ရင်​ဘတ်​​ရှေ့ကို ယူလာပြရဦးမည်​ ။

~~~~~~~~~~~~

"Kris "

"​အေး..."

"ငါသိချင်​တာ တစ်​ခုရှိတယ်​ "

"​အေး ...​ပြော..."

သူက မျက်​​မှောင်​ကြီးကိုအစွမ်းကုန်​ ကျုံ့ထားပြီး ....တစ်​စုံတစ်​ရာကို ​လေး​လေးနက်​နက်​ စဉ်းစားသလိုလို ဘာလိုလို....လုပ်​နေသည်​ ။ မသိရင်​ ရိုဒင်​ရဲ့ Thinkerရုပ်​ထုနဲ့​တောင်​ တူရဲ့ ။ ဟန်​မြစ်​တံတား​ပေါ်က တိုင်​တစ်​တိုင်​ကို မှီထိုင်​​နေပြီး တံတား​ပေါ်ကတွဲ​လောင်းချခါးတဲ့ သူ့ရဲ့​ခြေ​ထောက်​​တွေက​တော့ ဘယ်​ညာ စည်းချက်​ညီညီ ရမ်း​နေသည်​ ။ ဟန်​မြစ်​ပြင်​ကြီး၏ စီး​ဆင်းမှုကို ​ငေးကြည့်​ရင်း တစ်​လုံးချင်းစ​ပြောသည်​ ။

"ကိုယ့်​​ပေါ်ကို ကို့ယို့ကားယားကြီး/ ကျလာမယ့်​ ကံကြမ္မာကို လက်​ခုက်​​လေးဖွင့်​ပြီး ဖမ်းယူဖို့ ငါတို့​တွေ ​လောကထဲ ​ရောက်​​နေကြတာ​နော်​...."

ကျွန်​​တော်​ဘာမှပြန်​မ​ပြော ငြိမ်​ပြီး နား​ထောင်​​နေလိုက်​သည်​ ။

" ကျလာမယ့်​ ကံကြမ္မာက.....ဘာကြီးပဲ...ဖြစ်​​နေ​​နေ လက်​ခံစားသုံးကြရတယ်​ ..။ လွှတ်​ချခွင့်​ ငါတို့မှာ မရှိဘူး... "

...

"တကာ်​ဆို...ငါတို့ လူ​တွေမှာ အသိဥာဏတ်​မရှိတာလဲ မဟုတ်​ဘူး....ကံဆိုးခြင်း​တွေ ကျလာရင်​ လွှတ်​မချသင့်​ဘူးလား "

ကဲ ကြည့်​...​ပြော​တော့ကြီးကြီးကျယ်​ကျယ်​ စကားလုံး​တွေနဲ့ ...ပြီး​တော့ ဘာမှ လဲ မဟုတ်​ဘူး ။ ကျွန်​​တော်​ ပြန်​​ပြောလိုက်​ပါတယ်​ ။

"​နောက်​ထပ်​ ကျလာတဲ့ ကံကြမ္မာ ​တွေမှာ ဘယ်​နံပါတ်​စဉ်​​ ကံကောင်းခြင်းလဲ ဆိုတာမ​သေချာသ၍ ငါတို့အဲ့ဒါ​တွေကိုပဲ လက်​ခံကြရမှာပဲ ...မင့်​ဘက်​က​သေချာရင်​​တော့ မင်းမှာ chanceရှိတာ​ပေါ့ luhan ah "

သူ တစ်​ချက်​ပြုံးလိုက်​ပြီး လက်​ညိုး​လေး ဝင့်​ပြီး တစ်​ချက်​​ထောင်​လိုက်​သည်​ ။

"​နောက်​ဆုံး နံပါတ်​စဉ်​က ​သေ​ဆံးခြင်းဆိုတာ​တော့ ​သေချာတယ်​ဟာ....အဲဒါ​တော့ နင်​လက်​ခံရမယ်​...မင်းလက်​ခံလား.."

"..အင်း..."

"အဲဒီလိုဆိုရင်​ဟာ.....​အဲဒီ​နောက်​ဆုံး နံပါတ်​စဉ်​ ​သေဆုံးခြင်းကြီး ကျလာပြီဆိုရင်​​ကော...လွှတ်​မချချင်​ဘူးလား...လွှတ်​ချချိန်​​ကော ရပါ့မလား ...​နောက်​နံပါတ်​စဉ်​မှာ ​သေဆုံးခြင်းထက်​ ဆိုးတာ ​တွေ ကျလာလိမ့်​မယ်​လို့ မင်းထင်​လား kris..."

".........."

~~~~~~~~~~

ထိုချစ်​သူသည်​ ....

ရှေ့​နေဆန်​​သော ​ကောင်​​လေးတစ်​​ယောက်​ဖြစ်​ပါသည်​ ။

မကြာခဏ ​ချောင်​ပိတ်​​မေးခွန်းများနှင့်​ နှိပ်​ဆက်​တတ်​​သော ထို​ကောင်​​လေးကို ဘာပဲ​ပြော​ပြော သိပ်​ချစ်​ခဲ့ပါသည်​ ။

ထို့​ကြောင့်​ပင်​......

......next ​မျှော်​.....by wuyetihan

His ADJECTIVES !Tahanan ng mga kuwento. Tumuklas ngayon