သူ့ရဲ့ နာမဝိသေသနတွေဟာ
နောင်တစ်ချိန်မှာ ကျွန်တော့်ကမ္ဘာဖြစ်လာခဲ့တယ်
စိမ်းလန်းပြီးငြိမ်းချမ်းနေတဲ့ ဒီကမ္ဘာဟာ
ကျွန်တော့ချစ်မြတ်နိုးတွယ်တာတဲ့ ရတနာတစ်ပါးဖြစ်နေလိုက်တာ ...။
~~~~~~~~~
"ဟဲ့ lulhan ဘာလုပ်နေတာလဲ "
ဆိုးလ်မြို့တော် တက္ကသိုလ်တစ်ခု၏ ကော်ရစ်တာ ထောင့်တစ်ခုတွင် ငုတ်တုတ်ကုတ်ချောင်း၍ တစ်စုံတစ်ခုကို စိတ်ဝင်တစား ချောင်းကြည့်နေသော သူ့အနီးတွင် ကျွန်တော် ဝင်ထိုင်လိုက်ပါသည် ။ သူက ကျွန်တော့်ကို မျက်လုံးလှန်ကြည့်ရုံသာ အသိအမှတ်ပြုပြီး သူစိတ်ဝင်စားရာသို့သာ ဆက်ကြည့်နေသဖြင့် ကျွန်တော်လဲ အောင့်အီးသက်သက်နှင့် သူကြည့်ရာသို့သာ ကြည့်လိုက်မိသည် ။ ဟိုဘက်ကော်ရစ်တာ ထောင့်ချိုးဖက် အလယ်တည့်တည့်တွင် ပိုက်ဆံ ဝမ် 5000ထောင်တန်အသစ်စက်စက်တစ်ရွက် ရှိနေသည် ။
"မင့်ပိုက်ဆံလား "
"အေး"
"သွားကောက်လေ မကောက်ဘူးလား "
"အာ...ဒီမှာ မမြင်ဘူးလား .."
သူကဘယ်ဘက်လက်ကိုထောင်ပြသည် ။ လက်ထဲမှာ အပ်ခြည်ကြိုးတစ်ချောင်းကိုကိုင်ထားသည် ။ လိုက်ကြည့်လိုက်တော့ ထိုပိုက်ဆံကိုချည်ထားတဲ့ကြိုး ။
"ဒီမှာ ကြည့် "
ဟုဆိုကာ သူက လက်ထဲက ကြိုးကို ဆွဲပသည် ။ ဆွဲလိုက်တိုင်း ပိုက်ဆံလေးက လိုက်ပါလာသည် ။ ဟိုဘက်ကော်ရစ်တာမှာ စိတ်ပညာဌာနမှ ဆရာတစ်ဦးလျောက်လာနေသည် ။
"ရှူး ...တ.ိုးတိုး.."
မြတ်စွာဘုရား...။ ဒီကောင်လေး တီကောင်နဲ့ ငါးမှားသလို ပိုက်ဆံနဲ့ လူမျှားနေတာ ..။
"သေလိုက်ပါတော့kris wu ရယ် "
ဆိုပြီး ကိုယ့်နှဖူးကို ပိတ်ရိုက်ပစ်လိုက်သည် ။ သူ့နားသွားထိုင်မိတာကိုက အမှား ။ မတတ်နိုင် ။ သူနဲ့ အတူ ကော်ရစ်တာထောင့်မှာ ကွယ်နေလိုက်ပြီး ဟိုဘက်အခြေအနေကိုသာ စောင့်ကြည့်ရတော့မည် ။ ဟော...ဟိုဆရာ ပိုက်ဆံကိုမြင်သွားပြီ။
ဆရာက ခပ်ဝဝ နဲ့ အစကတည်းက ရုပ်ပြောင်ဆိုတော့ ဘေးဘီဝဲယာကို အကဲခတ်ပီး ပိုက်ဆံ ကောက်ရန်ဟန်ပြင်နေတဲ့ပုံက ရယ်ချင်စရာ ။ လူရှင်းတော့ ပိုက်ဆံကိုကုန်းကောက်လိုက်သည် ။ luhanက ဒီဘက်ကနေ ကြိုးကိုဆွဲလိုက်သည် ။ ဆရာ တစ်ချက်ကို့ယို့ကားယား ဖြစ်သွားပြီး လဲမသွားအောင်တော့ထိန်းလိုက်သည် ။ နောက်တော့ သူ လေတိုက်လို့ ပိုက်ဆံလွင့်တာထင်နေပုံရသည် ။ နောက်တစ်ခေါက်ပြန်ကောက်ရန် ပတ်ဝန်းကျင်ကိုပြန် အကဲခတ်သည် ။ တော်တော်ပိန်းတဲ့ ဆရာဟု စိတ်ထဲမှ ဝေဖန်မိပြီး ပါးစပ်အုပ်ရယ်မိသည် ။ ဒါကို luhanက မရယ်ရန် လက်ဟန်ခြေဟန်ဖြင့်ပြောသည် ။
ဆရာက ပိုက်ဆံကို နောင်တစ်ကြိမ် ကုန်းကောက်သည် ။ luhan ထပ်ဆွဲသည် ။ ဒီတစ်ခါတော့ ဆရာ ဟတ်ထိုးလဲမတတ် ဖြစ်သွားသည် ။
" ခစ်..."
အန်....ကျွန်တော့ကို မရယ်နဲ့ပြောပြီး .....သူက အသံထွက်ရယ်လိုက်သည် ။ ဟိုဆရာ ပြူးပြူးပြာပြာနဲ့ ခေါင်းထောင်ကြည့်သည် ။
"ဘယ်သူလဲကွ..."
ဗုဒ္ဓေါ....ကျွန်တော့ခေါင်းကို ဆရာမြင်သွားသည် ။ သွက်လိုက်တဲ့ luhan ။ သူ့ ဝမ်5000ကိုအမြန်ဆုံး ပြန်ဆွဲယူလိုက်ပြီး မတ်တတ်ထရပ်လိုက်တာကို ကျွန်တော် ကြောင်ကြည့်နေမိသည် ။
" yaaa....ဘာကြောင်ကြည့်နေတာလဲ ....ပြေးစို့.."
ပြောလဲပြော...သူက လိမ့်နေအောင်ပြေးတော့သည် ။
ဟိုဆရာ ...ဒီဘက်ကို လျှောက်လာနေပြီ ။ တာ့တာ ....ဆရာရေ...။ ကျွန်တော် သူ့နောက်ကို ဒရောသောပါး ပြေးလိုက် ရပါသည် ။ ဆရာက ဝတော့ ကျွန်တော်တို့ကို မီအောင်ပြေးမလိုက်နိုင် ။ ခြေကုန်သုတ်ပြေးရင်း ရှေ့က ဦးဆောင်ပြေးသော အစုန်အပြတ်လေးကိုသာ အသက်အောင့် ကျိန်ဆဲနေမိပါတော့သည် ။
~~~~~~~~~~
ထိုချစ်သူသည်...
သဘာဝလွန်.... ဗရုတ်ကျ .....ဟော်မုန်း များသော ကောင်လေးတစ်ယောက် ဖြစ်ပါသည် ။
>>>>>>>>next မျှော်
By Wuyetihan
အနော့်ရဲ့ သုံးပုဒ်မြောက် yaoi ဆိုလဲမမှားပါဘူး !
အားပေးကြနော် !
Hate Race လေးလဲ typeနေပါတယ်လို့ ပျင်းလာတော့ နောက်တစ်မျိုးထွင်ကြည့်တာပါ !
ဒါလေးတော့ မှန်မှန်ရေးမယ်စိတ်ကူးတယ်!
မကြိုက်ရင် ဆက်မရေးတော့ပါဘူး !
သိပ်မကောင်းဘူးနော် !
Fbလေးပေးပါ့လား
ရမလားလို့တောင်းကြည့်တာပါ !
ဆက်ရေးရမလား မရေးရဘူးလားဟင် ?
YOU ARE READING
His ADJECTIVES !
FanfictionKrisHan....krislu.....Deergon ! Fancy,comedy,drama ! နိဒါန်း ကျွန်တော့တွင် အင်မတန် ဝင်းပကြည်စင်၍ ချစ်မြတ်နိုးတွယ်တာဖွယ်ကောင်းသော ချစ်သူတစ်ယောက် အမှန်တကယ် ရှိခဲ့ဖူးပါသည် ။ ထိုချစ်သူသည်.......
