ဒီနေ့ကျွန်မ အရမ်းစိတ်လှုပ်ရှားရတဲ့နေ့..သူ့ကိုအဖြေပေးရမယ့်နေ့လေ..သူနဲ့အတူhappy worldသွားဖို့ ချိန်းထားတယ်လေ..
ညထဲက ကျွန်မအိပ်မပျော်ခဲ့ဘူး မနက်ဖြန်ဘာဝတ်ရမယ် ဘယ်ဖိနပ်လေးစီးမယ် ဆိုတာကိုစဉ်းစားနေရလို့လေ..
မနက်၉နာရီလောက် သူကျွန်မအိမ်နားကို ရောက်လာတယ် ..ကျွန်မအလှဆုံးပြင်သွားခဲ့တယ် လူတိုင်းငေးရလောက်အောင်ပေါ့..
သူကျွန်မကိုမြင်တော့ အံသြသွားတယ့် ..အမြဲလိုလို မပြင်မဆင်နေတဲ့ကျွန်မက ဒီနေ့အရမ်းလှနေတယ်ထင်ပါ့...
ဘာမပြောညာမပြောနဲ့ ကျွန်မလက်ကိုလှမ်းကိုင်လိုက်တဲ့ သူ့ကြောင့်ကျွန်မ ရင်တွေခုန်လိုက်တာ အရမ်းပဲ..သူတော့သိမယ်မထင်ဘူး..
Happy worldမှာ ကျွန်မဖို့အရုပ်ရအောင် ဆော့ပေးနေတဲ့ သူ့ကိုကြည့်ပြီး ကျွန်မအရမ်းပျော်ခဲ့တယ်..သရဲရထားစီးတော့လည်း ကျွန်မလက်ကိုသူဆုပ်ကိုင်ပေးထားတာ ကြောက်ရကောင်းမှန်းတောင်မသိလောက်အောင်ပဲ..
နေ့လည်ပိုင်းလောက်မှာ သူနဲ့အတူ ပြည်သူ့ရင်ပြင်ထဲကLOVEဆိုတဲ့ ရုပ်ထုကြီးနားမှာထိုင်ဖြစ်ခဲ့တယ်လေ သူကျွန်မနားကို တိုးတိုးလေးကပ်ပြီး မေးတယ် "ကိုယ့်ကိုချစ်လား"တဲ့ ..သူ့စကားအဆုံးမှာ ကျွန်မရင်တွေခုန်လိုက်တာ ...ဘာပြောလို့ပြောရမှန်းမသိအောင်စကားတွေစွံ့အသွားခဲ့တယ်...
ချစ်ပါတယ်...ကိုကို့ကို...